Zawgyi

Xiaomi ရဲ႕ CEO ျဖစ္တဲ့ လီကြၽမ္း (ေခၚ) ေလကြၽမ္း (Lei Jun) ဟာ အလုပ္အရမ္းႀကိဳးစားၿပီး ကုမၸဏီေပၚ အရမ္းဂ႐ုစိုက္တဲ့ သူတစ္ေယာက္အျဖစ္ နာမည္ႀကီးပါတယ္။ Xiaomi ရဲ႕ ထုတ္သမွ် ပစၥည္းေတြအေပၚ အျပည့္အဝ အာ႐ုံစိုက္ၿပီး ေၾကာ္ျငာအားကို နည္းနိုင္သမွ်နည္းေအာင္လုပ္ၿပီး ဆန္းသစ္တဲ့ အႀကံဉာဏ္ေတြနဲ႕ Xiaomi ထုတ္ကုန္ေတြကို ေရာင္းအားေကာင္းေအာင္ ႀကံဖန္ေနတက္တဲ့ လူတစ္ေယာက္ပါ။ သူ႕ရဲ႕ ႀကီးၾကပ္မႈေအာက္ကေန ထုတ္ထားတဲ့ Xiaomi ရဲ႕ ေနာက္ဆုံးထြက္ Flagship ဖုန္း Mi 9 ဟာဆိုရင္ စမတ္ဖုန္းေလာကမွာ အေတာ္ေလးကို မ်က္ႏွာသာရေနပါတယ္။ မၾကာေသးခင္ကပဲ Lei Jun ဘက္ကေန စိတ္ဝင္စားစရာ ေၾကညာခ်က္တစ္ခုထုတ္လိုက္ပါတယ္။ အဲ့တာကေတာ့ Mi 9 သာ ထင္ထားတာထက္ ေရာင္းအားေကာင္းၿပီး ပစၥည္းျပတ္တဲ့ထိ ေအာင္ျမင္မႈရခဲ့ရင္ ေနာက္ထပ္ အသုတ္ထပ္ ထုတ္မယ့္ Mi 9 ကိုပစၥည္းတပ္ဆင္တဲ့အခါ သူကိုယ္တိုင္သြားၿပီး ကူညီတပ္ဆင္ေပးမွာပါတဲ့။

အဆိုပါ ေၾကညာခ်က္ကို တ႐ုတ္ ဆိုရွယ္မီဒီယာ Weibo ေပၚတင္ခဲ့တာျဖစ္ၿပီး ပထမတစ္လအတြင္း Mi 9 အလုံးေရ တစ္သန္းေက်ာ္ထိေရာင္းအားေကာင္းၿပီး ပစၥည္းျပတ္ခဲ့ရင္ စက္႐ုံကို ကိုယ္တိုင္သြားၿပီး ပစၥည္းတပ္ဆင္တဲ့ေနရာမွာ ပိုမိုျမန္ဆန္ေစဖို႔ ဝက္အူလွည့္ကိုင္ကာ လုပ္အားေပးသြားမွာပါလို႔ ေရးသားထားပါတယ္။ CEO တစ္ေယာက္အတြက္ အဆိုပါ အေရးအသားဟာ ဟာသဆန္ေနေပမယ့္ Xiaomi ရဲ႕ ပစၥည္းထုတ္လုပ္ေရး မန္ေနဂ်ာျဖစ္တဲ့ Wang Teng ကေတာ့ Lei Jun ေျပာသမွ် စကားလုံးတိုင္းက အတည္ေျပာေနတာပါလို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Xiaomi ရဲ႕ ပစၥည္းတပ္ဆင္တဲ့ ဌာနအတြင္း ဝက္အူလွည့္ကိုင္ၿပီး လုပ္အားေပးေနတဲ့ Lei Jun ရဲ႕ပုံကိုပါ ဆိုရွယ္မီဒီယာေပၚ တင္ေပးခဲ့ပါတယ္။ အမွန္တစ္ကယ္ေတာ့ အဆိုပါပုံဟာ Mi 9 ကိုတပ္ဆင္ေနတဲ့ ပုံမဟုတ္ပဲ ၂၀၁၃ တုန္းက Mi Router ေတြကို ကူညီတပ္ဆင္ေပးေနတာပါ။ Lei Jun ဟာ သူေျပာတဲ့ကတိတိုင္းကို တည္ေအာင္လုပ္တက္တယ္လို႔ သက္ေသျပတာျဖစ္ၿပီး Mi 9 သာ အမွန္တစ္ကယ္ေရာင္းအားေကာင္းၿပီး ပစၥည္းျပတ္ခဲ့ရင္ သူကိုယ္တိုင္ လုပ္အားေပးမွာ အေသအခ်ာပါပဲ။

Mi 9 ကို မတ္လ ၅ ရက္မွာ အလုံးအရင္းနဲ႕ ေရာင္းခ်မွာပါ။ ဒါေပမယ့္ Xiaomi ဘက္က Mi 9 အလုံးအေရတြက္ အလုံအေလာက္ရွိေနတယ္လို႔ Lei Jun ကေျပာထားပါတယ္။ ဒါေပမယ့္ သတ္မွတ္ထားတဲ့ အေရအတြက္ထက္ ေက်ာ္လြန္ၿပီး ေရာင္းအားေကာင္းမြန္မယ္လို႔လည္း ေမွ်ာ္လင့္ေနပါေသးတယ္။ Xiaomi Mi 9 ဟာ Snapdragon 855 ပရိုဆက္ဆာအသုံးျပဳ ဖုန္းေတြထဲမွာမွ ေစ်းအသက္သာဆုံး ဖုန္းတစ္လုံးျဖစ္ၿပီး အလြန္လွ်င္ျမန္တဲ့ ႀကိဳးမဲ့အားသြင္းစနစ္၊ အရည္အေသြးေကာင္းမြန္တဲ့ ကင္မရာေတြနဲ႕ လွပတဲ့ ဒီဇိုင္းေတြေၾကာင့္ စမတ္ဖုန္းေလာကမွာ နာမည္ႀကီးေနတာပါ။ Mi 9 ကို တ႐ုတ္ျပည္မွာ အလုံးအရင္းနဲ႕ ေရာင္းခ်ၿပီးရင္ နိုင္ငံတကာေစ်းကြက္ကိုလည္း မၾကာခင္ေရာင္းခ်ေတာ့မွာပါ။ Flagship စမတ္ဖုန္း အေတြ႕အႀကဳံကို ေစ်းသက္သက္သာသာနဲ႕ ခံစားခ်င္တဲ့သူေတြအတြက္ေတာ့ Xiaomi ရဲ႕ Mi 9 ဟာ လက္လြတ္မခံသင့္တဲ့ ဖုန္းတစ္လုံးပါပဲ။

Ref: Gizmo China

Unicode

Mi 9 သာ ပစ္စည်းပြတ်တဲ့အထိ ရောင်းခဲ့ရရင် စက်ရုံမှာ ကိုယ်တိုင် ပစ္စည်းတပ်ဆင်ပေးမယ့် Xiaomi CEO

Xiaomi ရဲ့ CEO ဖြစ်တဲ့ လီကျွမ်း (ခေါ်) လေကျွမ်း (Lei Jun) ဟာ အလုပ်အရမ်းကြိုးစားပြီး ကုမ္ပဏီပေါ် အရမ်းဂရုစိုက်တဲ့ သူတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ Xiaomi ရဲ့ ထုတ်သမျှ ပစ္စည်းတွေအပေါ် အပြည့်အဝ အာရုံစိုက်ပြီး ကြော်ငြာအားကို နည်းနိုင်သမျှနည်းအောင်လုပ်ပြီး ဆန်းသစ်တဲ့ အကြံဉာဏ်တွေနဲ့ Xiaomi ထုတ်ကုန်တွေကို ရောင်းအားကောင်းအောင် ကြံဖန်နေတက်တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ ကြီးကြပ်မှုအောက်ကနေ ထုတ်ထားတဲ့ Xiaomi ရဲ့ နောက်ဆုံးထွက် Flagship ဖုန်း Mi 9 ဟာဆိုရင် စမတ်ဖုန်းလောကမှာ အတော်လေးကို မျက်နှာသာရနေပါတယ်။ မကြာသေးခင်ကပဲ Lei Jun ဘက်ကနေ စိတ်ဝင်စားစရာ ကြေညာချက်တစ်ခုထုတ်လိုက်ပါတယ်။ အဲ့တာကတော့ Mi 9 သာ ထင်ထားတာထက် ရောင်းအားကောင်းပြီး ပစ္စည်းပြတ်တဲ့ထိ အောင်မြင်မှုရခဲ့ရင် နောက်ထပ် အသုတ်ထပ် ထုတ်မယ့် Mi 9 ကိုပစ္စည်းတပ်ဆင်တဲ့အခါ သူကိုယ်တိုင်သွားပြီး ကူညီတပ်ဆင်ပေးမှာပါတဲ့။

အဆိုပါ ကြေညာချက်ကို တရုတ် ဆိုရှယ်မီဒီယာ Weibo ပေါ်တင်ခဲ့တာဖြစ်ပြီး ပထမတစ်လအတွင်း Mi 9 အလုံးရေ တစ်သန်းကျော်ထိရောင်းအားကောင်းပြီး ပစ္စည်းပြတ်ခဲ့ရင် စက်ရုံကို ကိုယ်တိုင်သွားပြီး ပစ္စည်းတပ်ဆင်တဲ့နေရာမှာ ပိုမိုမြန်ဆန်စေဖို့ ဝက်အူလှည့်ကိုင်ကာ လုပ်အားပေးသွားမှာပါလို့ ရေးသားထားပါတယ်။ CEO တစ်ယောက်အတွက် အဆိုပါ အရေးအသားဟာ ဟာသဆန်နေပေမယ့် Xiaomi ရဲ့ ပစ္စည်းထုတ်လုပ်ရေး မန်နေဂျာဖြစ်တဲ့ Wang Teng ကတော့ Lei Jun ပြောသမျှ စကားလုံးတိုင်းက အတည်ပြောနေတာပါလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Xiaomi ရဲ့ ပစ္စည်းတပ်ဆင်တဲ့ ဌာနအတွင်း ဝက်အူလှည့်ကိုင်ပြီး လုပ်အားပေးနေတဲ့ Lei Jun ရဲ့ပုံကိုပါ ဆိုရှယ်မီဒီယာပေါ် တင်ပေးခဲ့ပါတယ်။ အမှန်တစ်ကယ်တော့ အဆိုပါပုံဟာ Mi 9 ကိုတပ်ဆင်နေတဲ့ ပုံမဟုတ်ပဲ ၂၀၁၃ တုန်းက Mi Router တွေကို ကူညီတပ်ဆင်ပေးနေတာပါ။ Lei Jun ဟာ သူပြောတဲ့ကတိတိုင်းကို တည်အောင်လုပ်တက်တယ်လို့ သက်သေပြတာဖြစ်ပြီး Mi 9 သာ အမှန်တစ်ကယ်ရောင်းအားကောင်းပြီး ပစ္စည်းပြတ်ခဲ့ရင် သူကိုယ်တိုင် လုပ်အားပေးမှာ အသေအချာပါပဲ။

Mi 9 ကို မတ်လ ၅ ရက်မှာ အလုံးအရင်းနဲ့ ရောင်းချမှာပါ။ ဒါပေမယ့် Xiaomi ဘက်က Mi 9 အလုံးအရေတွက် အလုံအလောက်ရှိနေတယ်လို့ Lei Jun ကပြောထားပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အရေအတွက်ထက် ကျော်လွန်ပြီး ရောင်းအားကောင်းမွန်မယ်လို့လည်း မျှော်လင့်နေပါသေးတယ်။ Xiaomi Mi 9 ဟာ Snapdragon 855 ပရိုဆက်ဆာအသုံးပြု ဖုန်းတွေထဲမှာမှ စျေးအသက်သာဆုံး ဖုန်းတစ်လုံးဖြစ်ပြီး အလွန်လျှင်မြန်တဲ့ ကြိုးမဲ့အားသွင်းစနစ်၊ အရည်အသွေးကောင်းမွန်တဲ့ ကင်မရာတွေနဲ့ လှပတဲ့ ဒီဇိုင်းတွေကြောင့် စမတ်ဖုန်းလောကမှာ နာမည်ကြီးနေတာပါ။ Mi 9 ကို တရုတ်ပြည်မှာ အလုံးအရင်းနဲ့ ရောင်းချပြီးရင် နိုင်ငံတကာစျေးကွက်ကိုလည်း မကြာခင်ရောင်းချတော့မှာပါ။ Flagship စမတ်ဖုန်း အတွေ့အကြုံကို စျေးသက်သက်သာသာနဲ့ ခံစားချင်တဲ့သူတွေအတွက်တော့ Xiaomi ရဲ့ Mi 9 ဟာ လက်လွတ်မခံသင့်တဲ့ ဖုန်းတစ်လုံးပါပဲ။

Ref: Gizmo China