ဖိလစ်ပိုင် မင်းသမီး နဲ့ အဆိုတော် ဖြစ်သူ Heart Evangelista ဟာ နည်းပညာ လောကမှာ နောက်ဆုံးပေါ် Trend ကိုလိုက်လာပြီ ဖြစ်ပါတယ်။ အဲဒါကတော့ သူမရဲ့ ပထမဆုံး NFTs or Non-fungible Tokens ကို နိုဝင်ဘာလမှာ ရောင်းမယ်လို့ Instagram မှာ ကြေညာလိုက်တာပါ။

LOOK: A painting of Heart Evangelista could sell for up to PhP150-M! | GMA  Entertainment

သူမက Instagram မှာ ပန်းချီဆွဲနေတဲ့ ပုံ ၁ ပုံကို မျှဝေထားပြီး “ ပြီးခဲ့တဲ့ လတွေအတွင်းမှာ NFTs အကြောင်း လေ့လာခဲ့ပြီး ဒေသခံ အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ သူမရဲ့ ပထမဆုံး NFTs ကို ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Heart က “ NFTs တွေဟာ Blockchain နည်းပညာမှာ မှတ်ပုံတင်ထားတဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေ ဖြစ်ပြီး NFTs လို့ ဆိုရာမှာ အနုပညာလက်ရာ၊ ဗီဒီယိုနဲ့ သီချင်းတွေလို ဒစ်ဂျစ်တယ် ပုံစံတွေ ပါဝင်ပါတယ်။ ဒစ်ဂျစ်တယ်ပုံစံနဲ့ သိမ်းဆည်းလို့ရတဲ့ အရာအားလုံးကို NFTs အနေနဲ့ ဖန်တီးနိုင်ပါတယ်။ “ လို့ ရှင်းပြပါတယ်။

Heart Evangelista, nakakalula pala presyo ng paintings niya - umaabot sa P3  million ang isa ▷ KAMI.COM.PH

သူမက “ NFTs တွေကို အွန်လိုင်းမှာ လူတိုင်းက ကြည့်ရှုနိုင်ပေမယ့် ပိုင်ရှင် အစစ်အမှန်ကို သက်သေခံပေးထားတဲ့အတွက် အရမ်းကို ကောင်းပါတယ်။ အနုပညာနဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းပြီး အနုပညာရှင်တွေဟာ သူတို့ရဲ့ လက်ရာတွေကို နည်းလမ်း အသစ်နဲ့ ချပြနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ဖိလစ်ပိုင် NFTs အနုပညာရှင် Luis Bueneventura နဲ့ ပူးပေါင်းပြီး သူမရဲ့ ပထမဆုံး NFTs ကို ဖန်တီးမှာ ဖြစ်ပါတယ်။ သူမက ဒီလို အရည်အချင်းရှိတဲ့ အနုပညာရှင်တွေနဲ့ အလုပ်အတူတူ လုပ်ရတာ ဝမ်းသာစရာ ဖြစ်တယ်လို့ ပြောပါတယ်။ Heart က သူမရဲ့ ပထမဆုံး NFTs ကို နိုဝင်ဘာလ ၄ ရက်နေ့မှာ OpenSea ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gmanetwork