[Unicode]

ကမ္ဘာ့ထိပ်တန်း ပရီမီယံဘီယာကုမ္ပဏီကြီးဖြစ်သော Heineken® သည် အာရှတွင် လူကြိုက်အများဆုံး တေးဂီတနားဆင်သည့် အက်ပလီကေးရှင်းဖြစ်သော JOOX Myanmar နှင့် ပူးပေါင်း၍ မြန်မာ့ပွဲတော်ရာသီချိန်ခါစတင်သည့်အချိန်ကို ဆင်နွှဲနိုင်ရန် အထူးဖန်တီးထားသည့် သီချင်း Playlist ၃ ခုကို မိတ်ဆက် လိုက်သည်။

HEINEKEN Myanmar ၏ Marketing Director ဖြစ်သူ Pattapanee Ekahitanond (Kaitoon) က “ကျွန်မတို့ Heineken® အနေနဲ့ စားသုံးသူတွေအတွက် အမှတ်တရအခိုက်အတန့်လေးတွေ ဖန်တီးပေးနိုင်ဖို့၊ သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲတဲ့အချိန်မှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲကြိုးပမ်းနေတာဖြစ်ပါတယ်။ တေးဂီတဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ကွဲပြားတယ်၊ ခံစားမှုရသတွေ ပေးစွမ်းတယ်၊ လူတွေကို စုရုံးပျော်ရွှင် စေတတ်တာကြောင့် ပွဲလမ်းသဘင်တွေ ဆင်နွှဲတဲ့အချိန်မှာ တေးဂီတက အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီပွဲတော်ရာသီကို ဆင်နွှဲနိုင်ဖို့၊ လူတိုင်း စိတ်ပျော်ရွှင်တက်ကြွစေဖို့အတွက် ကျွန်မတို့အနေနဲ့ JOOX Myanmar နဲ့ ပူးပေါင်းပြီး တင်ဆက်လိုက်တာဖြစ်ပါတယ်” ဟု ဆိုသည်။

ပထမဦးဆုံး သီချင်း Playlist ဖြစ်သော Party Before the Party တွင် နားဆင်သူများ စိတ်ပျော်ရွှင်၍ ကခုန်ချင်စိတ် ဖြစ်ပေါ်စေမည့် သီချင်း ၁၅ ပုဒ် ပါဝင်သည်။ သီချင်းများထဲတွင် စိတ်ခံစားမှုရသပေးစွမ်းနိုင်သည့် ပေါ့ပ်သီချင်း၊ ကခုန်ချင်ဖွယ်ကောင်းအောင် မြူးကြွသော EDM အပျော့စားသီချင်းကောင်းများကို ပေါင်းစပ်ထားကာ နားဆင်သူများ အနေဖြင့် ပွဲလမ်းသဘင်များ မတိုင်မီ ခံစားမှုကောင်းတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်သည်။ ဤ သီချင်း Playlist တွင် မြန်မာလူငယ်လူရွယ်များ ကြိုက်နှစ်သက်သော အနုပညာရှင်များ၏ တေးသီချင်းများ၊ ကမ္ဘာ့ထိပ်တန်း အနုပညာရှင်များ၏ လူကြိုက်အများဆုံး နိုင်ငံတကာတေးသီချင်းများပါဝင်ကာ ယဉ်ကျေးမှုမျိုးစုံကို စုပေါင်းခံစားနိုင်မည်ဖြစ်သည်။

Heineken® နဲ့ JOOX တို့သည် တေးဂီတချစ်သူများကို မတူထူးခြားသော စိတ်ခံစားမှုဖြစ်ပေါ်စေကာ အထပ်ထပ်အခါခါ နားဆင်လိုစေမည့် သီချင်း Playlist နှစ်ခုဖြစ်သည့် Green Party နှင့် Special Festive Celebrations တို့ကို နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ထပ်မံမိတ်ဆက်သွားမည်ဖြစ်သည်။ ဂီတအမျိုးအစား ၂ ခု ပေါင်းစပ်ထားသည့် Green Party Playlist သည် နားဆင်သူများကို ပါတီသွားမည့်ခံစားမှု ပေးစွမ်းကာ နောက်ဆုံး Playlist တွင်မူ ခရစ်စမတ်နှင့် နှစ်သစ်ကူးဆိုင်ရာ ပွဲတော်ရာသီ သီချင်းများ၊ ပြည်တွင်းတေးသံရှင်များ၏ Cover သီချင်းများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်း Playlist များအပြင် Heineken® သည် သုံးစွဲသူများအနေဖြင့် မိမိတို့ အနှစ်သက်ဆုံး အနုပညာရှင်များနှင်တွေ့ဆုံခွင့်၊ သီဆိုဖျော်ဖြေမှုများကို နားဆင်ခွင့်များရရှိမည့် Live Studio ဖျော်ဖြေတင်ဆက်မှုတစ်ခုကိုလည်း ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

JOOX အသုံးပြုသူတိုင်းသည် ဤ သီချင်း Playlist များကို JOOX အက်ပလီကေးရှင်း၊ JOOX စာမျက်နှာပေါ် (https://www.joox.com/mm/playlist/AZB4SYnprz9bRu03W3Vvug==) တို့တွင် အခမဲ့ နားဆင်နိုင်မည်ဖြစ်သည်။

[Zawgyi]

Heineken® ႏွင့္ JOOX တို႔ ပူးေပါင္း၍ ျမန္မာ့ပြဲေတာ္ရာသီခ်ိန္ခါအတြက္ ဖန္တီးထားေသာ သီခ်င္း Playlist မ်ား မိတ္ဆက္

ကမာၻ႔ထိပ္တန္း ပရီမီယံဘီယာကုမၸဏီႀကီးျဖစ္ေသာ Heineken® သည္ အာရွတြင္ လူႀကိဳက္အမ်ားဆုံး ေတးဂီတနားဆင္သည့္ အက္ပလီေကးရွင္းျဖစ္ေသာ JOOX Myanmar ႏွင့္ ပူးေပါင္း၍ ျမန္မာ့ပြဲေတာ္ရာသီခ်ိန္ခါစတင္သည့္အခ်ိန္ကို ဆင္ႏႊဲႏိုင္ရန္ အထူးဖန္တီးထားသည့္ သီခ်င္း Playlist ၃ ခုကို မိတ္ဆက္ လိုက္သည္။

HEINEKEN Myanmar ၏ Marketing Director ျဖစ္သူ Pattapanee Ekahitanond (Kaitoon) က “ကြၽန္မတို႔ Heineken® အေနနဲ႔ စားသုံးသူေတြအတြက္ အမွတ္တရအခိုက္အတန႔္ေလးေတြ ဖန္တီးေပးႏိုင္ဖို႔၊ သူတို႔ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ဆင္ႏႊဲတဲ့အခ်ိန္မွာ ပါဝင္ႏိုင္ဖို႔ အစဥ္အၿမဲႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ေတးဂီတဆိုတာ လူတစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္ကြဲျပားတယ္၊ ခံစားမႈရသေတြ ေပးစြမ္းတယ္၊ လူေတြကို စု႐ုံးေပ်ာ္႐ႊင္ ေစတတ္တာေၾကာင့္ ပြဲလမ္းသဘင္ေတြ ဆင္ႏႊဲတဲ့အခ်ိန္မွာ ေတးဂီတက အေရးႀကီးတဲ့ အခန္းက႑ကေနပါဝင္ေနတယ္လို႔ ကြၽန္မတို႔ ယုံၾကည္ပါတယ္။ ဒါေၾကာင့္လည္း ဒီပြဲေတာ္ရာသီကို ဆင္ႏႊဲႏိုင္ဖို႔၊ လူတိုင္း စိတ္ေပ်ာ္႐ႊင္တက္ႂကြေစဖို႔အတြက္ ကြၽန္မတို႔အေနနဲ႔ JOOX Myanmar နဲ႔ ပူးေပါင္းၿပီး တင္ဆက္လိုက္တာျဖစ္ပါတယ္” ဟု ဆိုသည္။

ပထမဦးဆုံး သီခ်င္း Playlist ျဖစ္ေသာ Party Before the Party တြင္ နားဆင္သူမ်ား စိတ္ေပ်ာ္႐ႊင္၍ ကခုန္ခ်င္စိတ္ ျဖစ္ေပၚေစမည့္ သီခ်င္း ၁၅ ပုဒ္ ပါဝင္သည္။ သီခ်င္းမ်ားထဲတြင္ စိတ္ခံစားမႈရသေပးစြမ္းႏိုင္သည့္ ေပါ့ပ္သီခ်င္း၊ ကခုန္ခ်င္ဖြယ္ေကာင္းေအာင္ ျမဴးႂကြေသာ EDM အေပ်ာ့စားသီခ်င္းေကာင္းမ်ားကို ေပါင္းစပ္ထားကာ နားဆင္သူမ်ား အေနျဖင့္ ပြဲလမ္းသဘင္မ်ား မတိုင္မီ ခံစားမႈေကာင္းတစ္ခု ေပးစြမ္းႏိုင္မည္ ျဖစ္သည္။ ဤ သီခ်င္း Playlist တြင္ ျမန္မာလူငယ္လူ႐ြယ္မ်ား ႀကိဳက္ႏွစ္သက္ေသာ အႏုပညာရွင္မ်ား၏ ေတးသီခ်င္းမ်ား၊ ကမာၻ႔ထိပ္တန္း အႏုပညာရွင္မ်ား၏ လူႀကိဳက္အမ်ားဆုံး ႏိုင္ငံတကာေတးသီခ်င္းမ်ားပါဝင္ကာ ယဥ္ေက်းမႈမ်ိဳးစုံကို စုေပါင္းခံစားႏိုင္မည္ျဖစ္သည္။

Heineken® နဲ႔ JOOX တို႔သည္ ေတးဂီတခ်စ္သူမ်ားကို မတူထူးျခားေသာ စိတ္ခံစားမႈျဖစ္ေပၚေစကာ အထပ္ထပ္အခါခါ နားဆင္လိုေစမည့္ သီခ်င္း Playlist ႏွစ္ခုျဖစ္သည့္ Green Party ႏွင့္ Special Festive Celebrations တို႔ကို ႏိုဝင္ဘာလမွ ဒီဇင္ဘာလအတြင္း ထပ္မံမိတ္ဆက္သြားမည္ျဖစ္သည္။ ဂီတအမ်ိဳးအစား ၂ ခု ေပါင္းစပ္ထားသည့္ Green Party Playlist သည္ နားဆင္သူမ်ားကို ပါတီသြားမည့္ခံစားမႈ ေပးစြမ္းကာ ေနာက္ဆုံး Playlist တြင္မူ ခရစ္စမတ္ႏွင့္ ႏွစ္သစ္ကူးဆိုင္ရာ ပြဲေတာ္ရာသီ သီခ်င္းမ်ား၊ ျပည္တြင္းေတးသံရွင္မ်ား၏ Cover သီခ်င္းမ်ားကို ေပါင္းစပ္ထားျခင္းျဖစ္သည္။ ၎ Playlist မ်ားအျပင္ Heineken® သည္ သုံးစြဲသူမ်ားအေနျဖင့္ မိမိတို႔ အႏွစ္သက္ဆုံး အႏုပညာရွင္မ်ားႏွင္ေတြ႕ဆုံခြင့္၊ သီဆိုေဖ်ာ္ေျဖမႈမ်ားကို နားဆင္ခြင့္မ်ားရရွိမည့္ Live Studio ေဖ်ာ္ေျဖတင္ဆက္မႈတစ္ခုကိုလည္း ရန္ကုန္ၿမိဳ႕တြင္ က်င္းပသြားမည္ျဖစ္သည္။

JOOX အသုံးျပဳသူတိုင္းသည္ ဤ သီခ်င္း Playlist မ်ားကို JOOX အက္ပလီေကးရွင္း၊ JOOX စာမ်က္ႏွာေပၚ (https://www.joox.com/mm/playlist/AZB4SYnprz9bRu03W3Vvug==) တို႔တြင္ အခမဲ့ နားဆင္ႏိုင္မည္ျဖစ္သည္။