[Unicode]

Road to Star Collective ပွဲတွင် အာရှဒေသမှ ထိပ်တန်း DJ များ၏ တင်ဆက်မှုများ၊ Ar-T နှင့် Past12 တို့၏ ဂီတအနုပညာပူးပေါင်းတင်ဆက်မှုများကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားခဲ့သည်။

ကမ္ဘာ့ထိပ်တန်း ပရီမီယံဘီယာကုမ္ပဏီကြီးဖြစ်သော Heineken®က JOOX နှင့်ပူးပေါင်းတင်ဆက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ထူးထူးခြားခြားဖန်တီးတင်ဆက်ထားသာ Pop-up တေးဂီတ စတူဒီယိုပွဲဖြစ်သည့် ‘Road to Star Collective’ ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် Safe House၌ ကျင်းပပြုလုပ်ခဲ့သည်။

Heineken® သည် မြန်မာတို့ရဲ့ ပွဲတော်ရာသီအစကို ပျော်ရွင်စွာ ပါဝင်ဆင်နွဲနိုင်ရန် အာရှတွင် လူကြိုက်အများဆုံး တေးဂီတနားဆင်သည့် အက်ပလီကေးရှင်းဖြစ်သော JOOX Myanmar နှင့် ပူးပေါင်း၍ ဂီတချစ်သူများအတွက် မြူးကြွလန်းဆန်းသော ပွဲတော်ရာသီတေးဂီတများတင်ဆက်ပေးသည့် အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စတူဒီယိုဂီတဖျော်ဖြေမှုပွဲတော် ‘Road to Star Collective’ ကို Safe House ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဤစတူဒီယိုဖျော်ဖြေတင်ဆက်မှုများ တိုက်ရိုက်ထုတ်လွှင့်မှုကို JOOX အသုံးပြုသူများအားလုံးက အမိုက်စားတေးဂီတ များကို တစ်ညလုံး အခမဲ့နားဆင်ခံစားသွားနိုင်ခဲ့ကြသည်။

“Heineken® ရဲ့ယုံကြည်မှုကနေ သိလာရတာက မြန်မာလူမျိုးတွေက အကောင်းမြင်တဲ့ စိတ်ခံစားချက်တွေ အမြဲရှိနေတတ်ပြီး ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ဆင်နွှဲတတ်ကြပါတယ်။ အခုအချိန်ခါက ပွဲလမ်းရာသီဖြစ်တာနဲ့ အညီ ပျော်ရွှင်စရာ ဘ၀အမှတ်တရ အခိုက်အတန့်တွေနဲ့ ပွဲတော်တွေမှာလည်း ပါဝင်ဆင်နွှဲမှုတွေ ပြုလုပ်ကြတဲ့ အချိန်အခါဖြစ်ပါတယ်။ ကျွန်မတို့ Heineken® အနေနဲ့လည်း ဒီလို ဆင်နွှဲမှုတွေမှာ ပါဝင်လိုပါတယ်။ ဂီတအနုပညာဆိုတာ မြန်မာလူမျိုးအားလုံးအတွက်ပျော်ဝင်စီးမျောနိုင်တဲ့ အနုပညာဖြစ်တာမို့လို့ ကျွန်မတို့အနေနဲ့ ဒီလို ထူးခြားတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကို နာမည်ကျော် ဂီတအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု HEINEKEN Myanmar ၏ Marketing Director ဖြစ်သူ Pattapanee Ekahitanond (Kaitoon) က ဆိုသည်။

ဤတေးဂီတစတူဒီယို ဖျော်ဖြေတင်ဆက်မှုတွင် အာရှမှ နာမည်ကြီး DJ များ ပါဝင်တင်ဆက်ခဲ့ကြသလို Ar-T နှင့် Past12 တို့၏ ထူးခြားသော ဂီတအနုပညာပူးပေါင်းတင်ဆက်မှုများကိုလည်း ခံစားနားဆင်နိုင်ခဲ့ကြသည်ဖြစ်ကာ အကောင်းဆုံး တေးဂီတဖျော်ဖြေတင်ဆက်မှုများကို တိုက်ရိုက်ကြည့်ရှုခံစားနိုင်ခဲ့ကြသည်။ AR-T နှင့် Past12 တို့က ဂီတချစ်သူ ပရိသတ်များအတွက် ထူးထူးခြားခြားဖန်တီးတင်ဆက်ထားသာ House အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်သည့် ‘Break My Bones’ အင်္ဂလိပ်သီချင်းကို ပူးပေါင်းတင်ဆက်သွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်သွားခဲ့သော ဤစတူဒီယို တင်ဆက်မှုတွင် R&B ၊ Hop Hop ၊ House တေးဂီတအမျိုးအစားများကို သီဆိုလေ့ရှိသော Ar-T သည် တေးသီချင်း အသစ်များကိုလည်း သီဆိုသွားခဲ့သည်။

‘Road to Star Collective’ ပွဲသည် လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည့် Heineken® ၏ “Star Collective” ပွဲကြီးတွင် မည်ကဲ့သို့သော ထူးခြားသောတင်ဆက်မှုများပြုလုပ်သွားမည်ဆိုသည်ကို အမြည်းခံစားနားဆင် နိုင်ရန် ဖန်တီးတင်ဆက်လိုက်ခြင်းဖြစ်သည်။ Star Collective ပွဲကြီးတွင် မြန်မာနိုင်ငံမှ ထူးချွန်သော အနုပညာရှင်များ၊ အာရှမှ ထိပ်တန်း DJ များ၊ နိုင်ငံတကာမှ ထိပ်တန်း DJ များကို Heineken®က ဖိတ်ခေါ်ကာ အကောင်းဆုံး အနုပညာတင်ဆက်မှုများဖြင့် ကျင်းပသွားမည့်ပွဲဖြစ်ကာ ယခုနှစ်အတွင်း အထူးခြားဆုံးသော အနုပညာတင်ဆက်မှု ပွဲကြီး တစ်ပွဲဖြစ်လာမည်ဖြစ်သည်။

ဤ စတူဒီယိုဖျော်ဖြေတင်ဆက်မှုပွဲကို နာမည်ကြီးအနုပညာရှင်များဖြစ်သော Mary ၊ Gabriel Phway ၊ Yo Ko San ၊ စုလှိုင်၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်တို့လည်း တက်ရောက်ဆင်နွဲခဲ့ကြသည်။

[Zawgyi]

Heineken® က JOOX နှင့် ပူးပေါင်း၍ မြန်မာ့ပွဲတော်ရာသီကို ဆင်နွှဲသည့်အနေဖြင့် Pop-up တေးဂီတစတူဒီယိုအစီအစဉ်တစ်ခုကို တင်ဆက်ခဲ့






