[Zawgyi]

မေန႔ကပဲမိတ္ဆက္သြားတဲ့ Realme U1 ကေတာ့ MediaTek ရဲ႕ Helio P70 Chipset ေတြကို ပထမဆံုးသံုးသြားတဲ့ ဖုန္းေလးေတြျဖစ္ခဲ့ပါျပီ။ P70 ေတာင္ ခုမွပထမဆံုးစေတြ႔ရတဲ့အခ်ိန္မွာ MediaTek  ကေတာ့ Mid-Range SoC ေနာက္တစ္လံုးကို ထုတ္လုပ္ေနပါျပီ။ သူ႔ကိုေတာ့ Helio P90 ဆိုတဲ့ နာမည္နဲ႔ ေတြ႔ရေတာ့မွာ ျဖစ္ပါတယ္။

ကုမၸဏီကုိယ္တုိင္ကလည္း တြစ္တာမွာ Teaser ေလးတစ္ခုတင္ထားျပီး ဒီတစ္ေခါက္ P90 ေတြကေတာ့ AI နည္းပညာကို အဆင့္ေတြျမွင့္ထားမယ့္ပံုပါပဲ။ လာမယ့္ ဒီဇင္ဘာ ၁၃ရက္ေန႔မွာ တရုန္ႏုိင္ငံ Shenzhen ျမိဳ႕မွာက်င္းပမယ့္ ပြဲမွာေတာ့ ဒီ P90 SoC ေတြကို မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။

P70 ျပီးတဲ့ေနာက္ P80 ကိုေက်ာ္ျပီး ဘာလို႔ P90 ျဖစ္သြားသလဲဆုိတာကေတာ့ Kirin 980 တို႔ Snapdragon 8150 တို႔ရဲ႕ 8 နဲ႔မတူခ်င္တဲ့အတြက္ ေက်ာ္ထုတ္လိုက္တယ္လို႔ပဲ မွတ္ရတာပါပဲ။

Helio P70 တုန္းကေတာ့ 2.1GHz Cortex-A73 CPU 4-Cores, 2GHz A53 4-core ပါတဲ့ Octa-Core 12nm Processor ေလးျဖစ္ျပီး GPU ကေတာ့ Mali G72 ကိုသံုးထားပါတယ္။ သူကေတာ့ အရင္ P60 နဲ႔ယွဥ္လိုက္ရင္ Performance 30% ေလာက္ ပိုေကာင္းလာတယ္လို႔ေတာ့ ေျပာထားပါတယ္။

အစကေတာ့ Oppo R19 က P80 သံုးမယ့္ပထမဆံုးဖုန္းလို႔ သတင္းေတြထြက္ခဲ့ေပမယ့္ P80 ရဲ႕အရိပ္အေယာင္မျမင္ခဲ့ရတဲ့အျပင္ MediaTek ကိုယ္တုိင္ P90 လို႔ေၾကညာခဲ့တာဆိုေတာ့ လာမယ့္ December 4 ရက္ေန႔ Qualcomm ရဲ႕ အသစ္ေလးေတြျမင္ျပီးရင္ MediaTek ရဲ႕ေျခလွမ္းေတြကိုလည္း ဆက္ေစာင့္ၾကည့္ဖို႔ပဲ က်န္ပါေတာ့တယ္။

Ref: GsmArena, IndiaNews

[Unicode]

မနေ့ကပဲမိတ်ဆက်သွားတဲ့ Realme U1 ကတော့ MediaTek ရဲ့ Helio P70 Chipset တွေကို ပထမဆုံးသုံးသွားတဲ့ ဖုန်းလေးတွေဖြစ်ခဲ့ပါပြီ။ P70 တောင် ခုမှပထမဆုံးစတွေ့ရတဲ့အချိန်မှာ MediaTek  ကတော့ Mid-Range SoC နောက်တစ်လုံးကို ထုတ်လုပ်နေပါပြီ။ သူ့ကိုတော့ Helio P90 ဆိုတဲ့ နာမည်နဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။

ကုမ္ပဏီကိုယ်တိုင်ကလည်း တွစ်တာမှာ Teaser လေးတစ်ခုတင်ထားပြီး ဒီတစ်ခေါက် P90 တွေကတော့ AI နည်းပညာကို အဆင့်တွေမြှင့်ထားမယ့်ပုံပါပဲ။ လာမယ့် ဒီဇင်ဘာ ၁၃ရက်နေ့မှာ တရုန်နိုင်ငံ Shenzhen မြို့မှာကျင်းပမယ့် ပွဲမှာတော့ ဒီ P90 SoC တွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။

P70 ပြီးတဲ့နောက် P80 ကိုကျော်ပြီး ဘာလို့ P90 ဖြစ်သွားသလဲဆိုတာကတော့ Kirin 980 တို့ Snapdragon 8150 တို့ရဲ့ 8 နဲ့မတူချင်တဲ့အတွက် ကျော်ထုတ်လိုက်တယ်လို့ပဲ မှတ်ရတာပါပဲ။

Helio P70 တုန်းကတော့ 2.1GHz Cortex-A73 CPU 4-Cores, 2GHz A53 4-core ပါတဲ့ Octa-Core 12nm Processor လေးဖြစ်ပြီး GPU ကတော့ Mali G72 ကိုသုံးထားပါတယ်။ သူကတော့ အရင် P60 နဲ့ယှဉ်လိုက်ရင် Performance 30% လောက် ပိုကောင်းလာတယ်လို့တော့ ပြောထားပါတယ်။

အစကတော့ Oppo R19 က P80 သုံးမယ့်ပထမဆုံးဖုန်းလို့ သတင်းတွေထွက်ခဲ့ပေမယ့် P80 ရဲ့အရိပ်အယောင်မမြင်ခဲ့ရတဲ့အပြင် MediaTek ကိုယ်တိုင် P90 လို့ကြေညာခဲ့တာဆိုတော့ လာမယ့် December 4 ရက်နေ့ Qualcomm ရဲ့ အသစ်လေးတွေမြင်ပြီးရင် MediaTek ရဲ့ခြေလှမ်းတွေကိုလည်း ဆက်စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

Ref: GsmArena, IndiaNews