Apple က မကြာခင်ကပဲ AirPods Max Over-ear Headphones ကို ကြေညာလိုက်ပြီး Apple Fans တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ၅၄၉ ဒေါ်လာသတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၃ သောင်းလောက်ရှိတဲ့အတွက် ဒီဇိုင်းနဲ့ စွမ်းရည် မိုက်သလို ဈေးလည်း မြောက်ပါတယ်။ အဲဒီ နားကြပ်ဈေးကွက်မှာ ဒေါ်လာ ၃၅၀ နဲ့ ၄၀၀ ကြားပဲ ရှိတဲ့အတွက် AirPods Max ကို ဝယ်သင့်သလားဆိုတာ တော်တော် စဉ်းစားရမှာပါ။

အခုတော့ Apple က သူ့ နားကြပ်ဟာ ဝယ်ဖို့ တန်သလားဆိုတာ စဉ်းစားနိုင်အောင် Promo ဗီဒီယို ၂ ခုကို မျှဝေလိုက်ပါတယ်။ ပထမ ဗီဒီယိုဟာ ၂ မိနစ်ကျော်ပဲကြာပြီး အဓိက လုပ်ဆောင်ချက်တွေကို ရှင်းပြထားပါတယ်။ ဒုတိယ ဗီဒီယိုက ဒီထက် ပိုတိုပြီး တီဗီ ကြော်ငြာနဲ့တောင် ပိုတူပါတယ်။

မကြာခင် တီဗီမှာ ပြသမယ်လို့ ထင်ရပါတယ်။ AirPods Max ကို ဒီလ ၁၅ ရက်နေ့ ရောင်းချမှာ ဖြစ်ပေမယ့် နိုင်ငံတော်တော်များများမှာတော့ ဒီလကုန်မှ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တချို့ အရောင်တွေကို ၂၀၂၁ ခုနှစ်ကျမှ ရောင်းချမှာ ဖြစ်ပါတယ်။

ဈေးကြီးတဲ့ အတွက် Apple က အကန့်အသတ်နဲ့ပဲ ရောင်းချနိုင်ပြီး ဝယ်လိုအားများလာမှ ပိုမို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Ref : gsmarena