Celebrity တွေဟာ ၂၀၂၁ ခုနှစ် အစောပိုင်း ကတည်းက နာမည်ကြီးလာတဲ့ NFT နယ်ပယ်ထဲကို ဝင်ရောက်လာကြပြီး ဒေါ်လာ သန်းချီ အကုန်အကျခံကာ NFT တွေကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် Ethereum နဲ့ NFT ဈေးကွက် ၂ ခုစလုံး တန်ဖိုးကျဆင်းသွားပြီးနောက် Celebrity တွေ ဝယ်ယူထားတဲ့ NFT တွေဟာ လက်ရှိမှာ ဘယ်လောက် တန်ကြေးရှိသလဲဆိုတာ လေ့လာကြည့်ရအောင်။

(Bored Ape Yacht Club, modified by CoinDesk)

၁။ Snoop Dogg

ရက်ပါ Snoop Dogg ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဒစ်ဂျစ်တယ် အနုပညာရှင် XCOPY ရဲ့ Right Click and Save as Guy အမည်ရ NFT ကို 1,600 ETH (ဒေါ်လာ ၇,၀၈၈,၂၂၉) နဲ့ ဝယ်ယူခဲ့ပါတယ်။ Ethereum ရဲ့ တန်ဖိုးကျဆင်းသွားတဲ့အတွက် အခုဆိုရင် အဲဒီ NFT ဟာ ဒေါ်လာ ၂,၀၈၃,၄၅၆ ပဲ တန်ပါတော့တယ်။

၂။ Justin Bieber

ပေါ့ အဆိုတော် Justin Bieber ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ Bored Ape Yacht Club (BAYC) #3001 ကို 500 ETH ( ဒေါ်လာ ၁,၃၀၁,၅၅၀) နဲ့ ဝယ်ယူခဲ့ပြီး အခုတော့ ဒေါ်လာ ၆၅၁,၀၈၀ ပဲ တန်ပါတော့တယ်။

၃။ Neymar Jr.

ဘရာဇီး ဘောလုံးကြယ်ပွင့် Neymar Jr. ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ BAYC #5269 ကို 186.69 ETH (ဒေါ်လာ ၅၆၉,၅၃၁) နဲ့ ဝယ်ယူခဲ့ပြီး အခုတော့ တန်ကြေးဟာ ဒေါ်လာ ၂၄၇,၀၀၇ ပဲရှိပါတော့တယ်။

၄။ Madonna

Madonna Defends Launching Spicy NFT Collection Of Her Giving Birth To Objects

ပေါ့ ဘုရင်မ Madonna ဟာ ၂၀၂၂ ခုနှစ် မတ်လမှာ BAYC #4988 ကို 180 ETH ( ဒေါ်လာ ၄၆၆,၄၆၁) နဲ့ ဝယ်ယူခဲ့ပြီး အခုတော့ ဒေါ်လာ ၂၃၄,၃၈၈ ပဲ တန်ပါတော့တယ်။

Ref : coindesk