Sony က Xperia 5 II ကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုထားပြီးသားပါ။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီဖုန်းရဲ့ Specs နဲ့ ပရိုမို ဗီဒီယိုတွေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့အတွက် သတင်းအချက်အလက် တော်တော်များများကို သိခဲ့ကြရပြီးပါပြီ။ အခုတော့ ဖုန်း ဒီဇိုင်းကို အသေးစိတ် ပြသထားတဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။

အနက်နဲ့ အညိုရောင် ဖြစ်ပြီး အရင် ပေါက်ကြားထားတဲ့ ဓါတ်ပုံ ၁ ပုံမှာက အပြာရောင်ကိုပါတွေ့ရပါတယ်။ ပေါက်ကြားနေတဲ့ Specs အကြောင်းပြောရရင် Sony Xperia 5 II မှာ ၆.၁ လက်မ FHD+ OLED မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး Aspect Ratio က 21:9 ဖြစ်ပါတယ်။ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက လန်းပါတယ်။

အနောက်ဘက်မှာ 12MP Main , 12MP Telephoto (3x Optical Zoom) နဲ့ 12MP Ultrawide ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 158 x 68 x 8 mm ဖြစ်ပြီး စွမ်းရည်မြင့် Snapdragon 865 Chipset ကို 8GB RAM , 128GB Storage တွေနဲ့ တွဲဖက်ထားမှာ ဖြစ်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ Power Delivery Charging နဲ့ USB Type-C Port ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena