၄၅ မီလီမီတာ Samsung Galaxy Watch 3 ရဲ့ ငွေရောင် မော်ဒယ် ဓါတ်ပုံကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က တွေ့ခဲ့ရပြီး အခုတော့ Evleaks ရဲ့ ကျေးဇူးကြောင့် ၄၁ မီလီမီတာ Samsung Galaxy Watch 3 ရဲ့ ကြေးနီရောင် မော်ဒယ်ကို မြင်လာရပါပြီ။

အရွယ်အစား ကွာခြားပေမယ့် ၄၁ မီလီမီတာ Samsung Galaxy Watch 3 ဟာ ဒီဇိုင်း အပိုင်းမှာ ၄၅ မီလီမီတာ ငွေရောင် မော်ဒယ်နဲ့ တူပါတယ်။ ကွဲပြားချက် ၁ ခုက ကြေးနီရောင် မော်ဒယ်ရဲ့ Rotating Bezel ဟာလည်း ကြေးနီရောင် ဖြစ်ပြီး ငွေရောင် မော်ဒယ်ရဲ့ Rotating Bezel က အညိုနက်ရောင် ဖြစ်ပါတယ်။

၄၅ မီလီမီတာ Samsung Galaxy Watch 3  မှာ ၁.၄ လက်မ မျက်နှာပြင်နဲ့ 340mAh ဘက်ထရီ၊ ၄၁ မီလီမီတာ မော်ဒယ်မှာ ၁.၂ လက်မ မျက်နှာပြင်နဲ့ 247mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ၂ လုံးစလုံးမှာ GPS, Gorilla Glass DX Protection နဲ့ MIL-STD-810G စံနှုန်းတွေ ပါလာမှာပါ။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်မှာ ဖြစ်ပြီး နောက်လ ဒါမှမဟုတ် ဩဂုတ်လမှာ Galaxy Note20 နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gsmarena