[Zawgyi]

လက္ရွိမွာ ေက်ာဘက္ ကင္မရာ အမ်ားဆံုး စမတ္ဖုန္းဟာ Nokia 9 PureView ျဖစ္ပါတယ္။ သူ႔မွာ အေနာက္ကင္မရာ ၅ လံုးေတာင္ တပ္ဆင္ထားပါတယ္။ RGB Camera ၂ လံုးနဲ႔ Monochrome Camera ၃ လံုးကို ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ 3D ToF Sensor လည္း ပါပါေသးတယ္။  Nokia 9 PureView ဟာ ေက်ာဘက္ကင္မရာ အမ်ားဆံုး စမတ္ဖုန္း ဘြဲ႕ကို အၾကာႀကီး ထိန္းသိမ္းထားႏုိင္မွာ မဟုတ္ပါဘူး။ အေနာက္ကင္မရာ ၆ လံုးပါတဲ့ Sony Xperia Phone ရဲ႕ သတင္းမ်ားထြက္ေပၚေနပါတယ္။

အရင္ကေတာ့ အေနာက္ကင္မရာ ၆ လံုးပါတဲ့ သူ႔ရဲ႕ ဓါတ္ပံုမ်ားထြက္ေပၚခဲ့ေပမယ့္ ကင္မရာ Specs မ်ားကို မသိခဲ့ရပါဘူး။ အခုေတာ့ ကင္မရာ Specs မ်ားကို သိလာရပါၿပီ။ အေရွ႕ဘက္မွာ 10MP Camera ကို 0.3MP ToF Camera နဲ႔ တြဲဖက္ထားပါတယ္။ အေနာက္ဘက္မွာ 48MP f1.2/2.4 Camera နဲ႔ 12MP f1.2/2.4 Camera မ်ား ပါပါတယ္။ သူတို႔နဲ႔ အတူ 0.5MP ToF Unit နဲ႔ f2.4 Aperture ပါတဲ့ 20MP , 8MP , 16MP မ်ား ထည့္သြင္းထားပါတယ္။

အေနာက္ကင္မရာ သံုးလံုးစီကို ေဒါင္လိုက္ ႏွစ္တန္း တပ္ဆင္ထားပါတယ္။   Main Camera နဲ႔အတူ Wide-angle , Telephoto, ToF   မ်ား ပါလာမွာ ေသခ်ာပါတယ္။ ေနာက္ႏွစ္လံုးက ဘာအတြက္လဲဆိုတာ မသိရေသးပါဘူး။ ယခု ကင္မရာ Specs မ်ားဟာ ရာႏႈန္းျပည့္ မွန္ကန္မယ္လို႔ မေျပာႏုိင္ေသးပါဘူး။ ေနာက္ပိုင္းမွာ ပိုမိုတိက်ခိုင္မာတဲ့ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာမွာပါ။

Ref : gsmarena

[Unicode]

ကျောဘက် ကင်မရာ ၆ လုံးပါတဲ့ Sony Xperia Phone ရဲ့ ကင်မရာ Specs များထွက်ပေါ်လာ

လက်ရှိမှာ ကျောဘက် ကင်မရာ အများဆုံး စမတ်ဖုန်းဟာ Nokia 9 PureView ဖြစ်ပါတယ်။ သူ့မှာ အနောက်ကင်မရာ ၅ လုံးတောင် တပ်ဆင်ထားပါတယ်။ RGB Camera ၂ လုံးနဲ့ Monochrome Camera ၃ လုံးကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် 3D ToF Sensor လည်း ပါပါသေးတယ်။ Nokia 9 PureView ဟာ ကျောဘက်ကင်မရာ အများဆုံး စမတ်ဖုန်း ဘွဲ့ကို အကြာကြီး ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ အနောက်ကင်မရာ ၆ လုံးပါတဲ့ Sony Xperia Phone ရဲ့ သတင်းများထွက်ပေါ်နေပါတယ်။


အရင်ကတော့ အနောက်ကင်မရာ ၆ လုံးပါတဲ့ သူ့ရဲ့ ဓါတ်ပုံများထွက်ပေါ်ခဲ့ပေမယ့် ကင်မရာ Specs များကို မသိခဲ့ရပါဘူး။ အခုတော့ ကင်မရာ Specs များကို သိလာရပါပြီ။ အရှေ့ဘက်မှာ 10MP Camera ကို 0.3MP ToF Camera နဲ့ တွဲဖက်ထားပါတယ်။ အနောက်ဘက်မှာ 48MP f1.2/2.4 Camera နဲ့ 12MP f1.2/2.4 Camera များ ပါပါတယ်။ သူတို့နဲ့ အတူ 0.5MP ToF Unit နဲ့ f2.4 Aperture ပါတဲ့ 20MP , 8MP , 16MP များ ထည့်သွင်းထားပါတယ်။


အနောက်ကင်မရာ သုံးလုံးစီကို ဒေါင်လိုက် နှစ်တန်း တပ်ဆင်ထားပါတယ်။ Main Camera နဲ့အတူ Wide-angle , Telephoto, ToF များ ပါလာမှာ သေချာပါတယ်။ နောက်နှစ်လုံးက ဘာအတွက်လဲဆိုတာ မသိရသေးပါဘူး။ ယခု ကင်မရာ Specs များဟာ ရာနှုန်းပြည့် မှန်ကန်မယ်လို့ မပြောနိုင်သေးပါဘူး။ နောက်ပိုင်းမှာ ပိုမိုတိကျခိုင်မာတဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာမှာပါ။
Ref : gsmarena