Nokia ဟာ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက Android 8 Oreo ကို အသုံးပြုထားတဲ့ Budget စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 3.1 Plus ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Nokia 3.1 Plus စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက Android 9 Pie Update ကို ရရှိခဲ့သလို အခုလည်း Android 10 ကို Update ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အဆိုပါ Android 10 Update ဟာ Stable Version ဖြစ်သလို Android 10 ရဲ့ Feature အသစ်တွေဖြစ်တဲ့ System-wide Dark Mode ၊ Gesture Navigation နဲ့ Smart Replies လိုမျိုး Feature တွေအပြင် Privacy နဲ့ Location Control အပိုင်းတွေမှာပါ အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ April 2020 Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ Android 10 Update ကို Download ပြုလုပ်မယ်ဆိုရင်တော့ File Size အနေနဲ့ 1.24GB ဝန်းကျင်ရှိမယ်လို့သိရပါတယ်။ Nokia ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Update ဟာ Region ကန့်သတ်ထားခြင်းမရှိတဲ့အတွက် Setting – System Update ကနေ တစ်ဆင့် အခုပဲ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် HMD Global အနေနဲ့ အခုလိုမျိုး Budget ဖုန်းအထိကိုပါ ၂ နှစ်ဆက်တိုက် Android OS Major Update ထုတ်ပေးနိုင်တာကိုတော့ ချီးကျူးရမှာပါ။

Ref – XDA-Developers