HMD Global ကတော့ ပြီးခဲ့တဲ့ရက်ကပဲ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းအမျိုးအစားနှစ်မျိုးကို ပွဲထုတ်လိုက်ပြီဖြစ်ပါတယ်။ Nokia 2.4 နဲ့ Nokia 3.4 တို့ဖြစ်ပြီး ဒီဖုန်းတွေဟာ ကုမ္ပဏီရဲ့ ဈေးကွက်ချဲ့ထွင်မှုမှာ ဘယ်လောက်ထိ အရေးပါတဲ့နေရာကို ရယူလာမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Nokia 2.4 ဟာ သူ့ရှေ့က 2.3 အတိုင်း ကြီးမားတဲ့ မျက်နှာပြင်နဲ့ပဲ ဖြစ်ပါတယ်။ 6.5-inch ဖြစ်ပြီး HD+ resolution နဲ့ 21:9 အချိုးအစားလည်း ဖြစ်ပါတယ်။ Waterdrop notch ထဲမှာတော့ 5MP Selfie ကင်မရာတစ်လုံး ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ ကျောဘက် 3D nano-textured ဒီဇိုင်းနဲ့ကိုယ်ထည်မှာ 13MP အဓိကင်မရာနဲ့ 2MP depth sensor တို့ကို တပ်ဆင်ထားပါတယ်။

ကင်မရာတွေရဲ့ အောက်မှာတော့ Fingerprint scanner ရှိနေပါတယ်။ AI imaging, Night Mode နဲ့ Portrait Mode တွေကို ထောက်ပံ့ထားတယ်လို့လည်း HMD Global က ဆိုပါတယ်။ Nokia 2.4 ဟာ Helio P22 processor ကို 2GB of RAM နဲ့ တွဲဖက်ပေးထားပြီး သိုလှောင်မှုပမာဏကတော့ 32GB ဖြစ်ပါတယ်။ 4,5000mAh ဘက်ထရီတပ်ဆင်ထားပြီး ၂ ရက်ကြာ အသုံးပြုနိုင်မယ်လို့ဆိုထားပေမယ့် အမြန်အားသွင်းစနစ်တော့ ထောက်ပံ့ထားခြင်း မရှိပါဘူး။ Charcol, Dusk နဲ့ Fjord ဆိုပြီး အရောင်သုံးမျိုး ထုတ်လုပ်ထားတဲ့ ဒီ Nokia 2.4 ကို $139 (၁ သိန်း ၈ သောင်းဝန်းကျင်) နှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Nokia 3.4 ကတော့ 6.39-inch HD+ နဲ့ဖြစ်ပြီး ဒီစီးရီးထဲမှာ ပထမဆုံး Punch-hole display ဖြစ်ပါတယ်။ ဘယ်ဘက်အပေါ်ထောင့်က Punch-hole ထဲမှာ 8MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ Sanpdragon 460 processor ကို 3GB of RAM နဲ့ တွဲဖက်ပေးထားပြီး သိုလှောင်မှုပမာဏကတော့ 64GB ဖြစ်ပါတယ်။

ကျောဘက်မှာတော့ စက်ဝိုင်းပုံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ 13MP အဓိကကင်မရာ၊ 5MP ultrawide နဲ့ 2MP depth sensor တို့ကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာတွေအောက်မှာတော့ Fingerprint scanner ကို တပ်ဆင်ပေးထားပါတယ်။ Nokia 3.4 ရဲ့ 4,000mAh ပမာဏဘက်ထရီဟာ ၂ ရက်ကြာအထားခံတယ်လို့ ဆိုပါတယ်။ USB-C port ကနေတစ်ဆင့် အားသွင်းနိုင်ပါတယ်။ ဒီဟန်းဆက်ကို Charcoal, Fjord နဲ့ Dusk ဆိုပြီး အရောင်သုံးမျိုးထုတ်ထားသလို $179 (၂ သိန်း၃သောင်းခွဲဝန်းကျင်) နဲ့ အောက်တိုဘာလထဲမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Ref: Gizmochina