[Zawgyi]

ငွက္ေပ်ာသီးဖုန္းလို႔ လူသိမ်ားခဲ့တဲ့ Nokia 8110 4G ေလးေတြ ၊ ေနာက္ထပ္ Feature ဖုန္းေလးေတြ ေအာင္ျမင္ျပီးေနာက္ပိုင္းမွာေတာ့ HMD Global အေနနဲ႔ Feature ဖုန္းက႑ကို ဆက္အားစိုက္လာခဲ့ပါတယ္။ အခုလည္း ေနာက္ထပ္ 4G ရတဲ့ စမတ္ဖုန္းတစ္လံုးထြက္လာဦးမယ္ထင္ပါတယ္။ HMD Global ရဲ႕ Feature ဖုန္းေတြေရာင္းအားက သူ႔ရဲ႕ စမတ္ဖုန္းေရာင္းအားထက္ေတာင္ ႏွစ္စဥ္ပိုမ်ားေနတာျဖစ္ျပီး အခုလည္း 4G Feature ဖုန္းကို ေစ်းသက္သက္သာသာနဲ႔ေရာင္းခ်ေပးေတာ့မယ္ထင္ပါတယ္။

4G ရတဲ့ Feature ဖုန္းေတြထဲမွာ Nokia အျပင္ တျခားဖုန္းေတြလည္း ေစ်းကြက္ထဲမွာ ေနရာယူႏုိင္ေနပါေသးတယ္။ Nokia အေနနဲ႔ ဒီထက္ပိုျပီး Feature ဖုန္းေစ်းကြက္ကို ခ်ဲ႕ႏုိင္ဖို႔ ဆက္ျပီးအားစိုက္ေနတာပါ။ ေစ်းေပါေပါနဲ႔ ေဖ်ာ္ေျဖေရး Feature ေတြ Battery ေကာင္းေကာင္းခံတဲ့ Feature ဖုန္းေတြက လြန္ခဲ့တဲ့့ႏွစ္ပိုင္းေတြကေန တျဖည္းျဖည္း ျပန္လည္ေခတ္စားလာခဲ့ျပီး အခု 4G ဖုန္းအသစ္ကေတာ့ အိႏိၵယမွာ အရင္ဆံုးမိတ္ဆက္လာမွာ ျဖစ္ပါတယ္။

ဖုန္းရဲ႕ Feature ေတြအေနနဲ႔ကေတာ့ 2.4 inch Display, 2MP Camera, Qualcomm Snapdragon 205 SoC နဲ႔ Battery တစ္ခါအားအျပည့္သြင္းထားရင္ ၂၅ရက္ Stanby ထားလို႔ရပါတယ္။ Nokia 8110 4G ကေတာ့ Bluetooth 4.1, Wifi, Micro USB, GPS, Computer Sync စတဲ့ Connection ေတြလည္း ရႏုိင္မွာ ျဖစ္ပါတယ္။

Ref: GizmoChina

[Unicode]

ငှက်ပျောသီးဖုန်းလို့ လူသိများခဲ့တဲ့ Nokia 8110 4G လေးတွေ ၊ နောက်ထပ် Feature ဖုန်းလေးတွေ အောင်မြင်ပြီးနောက်ပိုင်းမှာတော့ HMD Global အနေနဲ့ Feature ဖုန်းကဏ္ဍကို ဆက်အားစိုက်လာခဲ့ပါတယ်။ အခုလည်း နောက်ထပ် 4G ရတဲ့ စမတ်ဖုန်းတစ်လုံးထွက်လာဦးမယ်ထင်ပါတယ်။ HMD Global ရဲ့ Feature ဖုန်းတွေရောင်းအားက သူ့ရဲ့ စမတ်ဖုန်းရောင်းအားထက်တောင် နှစ်စဉ်ပိုများနေတာဖြစ်ပြီး အခုလည်း 4G Feature ဖုန်းကို ဈေးသက်သက်သာသာနဲ့ရောင်းချပေးတော့မယ်ထင်ပါတယ်။

4G ရတဲ့ Feature ဖုန်းတွေထဲမှာ Nokia အပြင် တခြားဖုန်းတွေလည်း ဈေးကွက်ထဲမှာ နေရာယူနိုင်နေပါသေးတယ်။ Nokia အနေနဲ့ ဒီထက်ပိုပြီး Feature ဖုန်းဈေးကွက်ကို ချဲ့နိုင်ဖို့ ဆက်ပြီးအားစိုက်နေတာပါ။ ဈေးပေါပေါနဲ့ ဖျော်ဖြေရေး Feature တွေ Battery ကောင်းကောင်းခံတဲ့ Feature ဖုန်းတွေက လွန်ခဲ့တဲ့နှစ်ပိုင်းတွေကနေ တဖြည်းဖြည်း ပြန်လည်ခေတ်စားလာခဲ့ပြီး အခု 4G ဖုန်းအသစ်ကတော့ အိန္ဒိယမှာ အရင်ဆုံးမိတ်ဆက်လာမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ Feature တွေအနေနဲ့ကတော့ 2.4 inch Display, 2MP Camera, Qualcomm Snapdragon 205 SoC နဲ့ Battery တစ်ခါအားအပြည့်သွင်းထားရင် ၂၅ရက် Stanby ထားလို့ရပါတယ်။ Nokia 8110 4G ကတော့ Bluetooth 4.1, Wifi, Micro USB, GPS, Computer Sync စတဲ့ Connection တွေလည်း ရနိုင်မှာ ဖြစ်ပါတယ်။

Ref: GizmoChina