HMD Global ကနေ Android Go စမတ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Nokia C2 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Nokia C2 စမတ်ဖုန်းဟာ Budget Entry စမတ်ဖုန်းတစ်လုံးဖြစ်ပြီးတော့ အခုလိုမျိုး မိတ်ဆက်လိုက်တာကလည်း Launch Event ဒါမှမဟုတ် သီးသန့် Announcement တွေပြုလုပ်ခြင်းမရှိဘဲ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။


Nokia C2 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ Nokia C1 Android Go ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်နေပြီးတော့ Android Go OS ပေမယ့် Android 9.0 Pie ကိုပဲ အခြေခံထားတုန်းဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၀၀ အောက်ပဲ ကျသင့်မယ်လို့ယူဆရပါတယ်။

 

Nokia C2 ဟာ 5.7″ HD+ Display နဲ့ Single 5MP Back Camera ၊ 5MP Front Facing Selfie Camera တွေပါဝင်မှာဖြစ်ပြီး Processor ပိုင်းအနေနဲ့တော့ သာမန် 1.4GHz Quad Core Processor ကိုပဲထည့်သွင်းထားမှာပါ။ RAM အနေနဲ့ကတော့ 1GB နဲ့ 16GB Storage ကိုမှ MicroSD Card ကနေ 64GB အထိ ထပ်ပြီးတိုးချဲ့နိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Android Go OS ကို သုံးထားတဲ့အတွက် Performance ပိုင်းမှာတော့ အဆင်ပြေမှာပါ။

Network ပိုင်းအနေနဲ့ကတော့ 4G LTE ကို Support လာမှာဖြစ်ပြီးတော့ Battery အနေနဲ့ 2800mAh Battery ပါဝင်မှာဖြစ်ပါတယ်။ 3.5mm Audio Jack Port ပါ ပါဝင်မယ့်အပြင် Dual SIM နဲ့ Single SIM ၂ မျိုးလုံး ရရှိမှာပါ။

Ref – Phone Arena