[Zawgyi]

Nokia 9 PureView ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲမွာ အသုံးျပဳသူေတြရဲ႕ လက္ထဲကို ေရာက္ရွိခဲ့ပါတယ္။ ၂၀၁၉ ရဲ႕ စမတ္ဖုန္း ၿပိဳင္ကြင္းထဲကို Nokia 9 PureView ျပန္ဝင္လာၿပီး ေနရာတစ္ေနရာ ျပန္ရဖို႔ ႀကိဳးစားေနတဲ့ ကုမၸဏီဟာ အစစအရာရာ ေကာင္းမြန္ေအာင္ စီစဥ္ထားေပမယ့္ ျပႆနာအခ်ိဳ႕ကေတာ့ ေစာင့္ႀကိဳေနခဲ့ပါတယ္။

Noika 9 PureView ကို အသုံးျပဳသူအခ်ိဳ႕က ကင္မရာနဲ႔ In-Display Fingerprint Reader တို႔မွာ ျဖစ္ေပၚေနတဲ့ ျပႆနာအခ်ိဳ႕ကို တိုင္တန္းလာတဲ့ေနာက္မွာေတာ့ HMD ရဲ႕ Chief Product Officer Juho Sarvikas ကေတာ့ ျပဳျပင္မႈေတြဟာ မၾကာခင္ထြက္ေပၚလာမယ္လို႔ တြစ္တာေပၚမွာ အေၾကာင္းျပန္ခဲ့ရပါတယ္။

ပထမျပႆနာကေတာ့ ကင္မရာပါ။ ဘက္ထရီအားနည္းလာခ်ိန္မွာ ကင္မရာသုံးမရ ျဖစ္တာမ်ိဳးပါ။ ဗို႔အား က်ဆင္းမႈက ျပႆနာကို ျဖစ္ေပၚေစတာလို႔ ဆိုရမွာပါ။ ဒါ့အျပင္ Depth mode နဲ႔ DNG RAW ဖြင့္ထားခ်ိန္မွာလည္း ေဆာ့ဖ္ဝဲပိုင္းျပႆနာအခ်ိဳ႕နဲ႔ ႀကဳံေတြ႕ရတယ္လို႔ တိုင္ၾကားထားၾကပါေသးတယ္။

ေနာက္တစ္ခုကေတာ့ In-Display Fingerprint Reader ကလည္း စိတ္ခ်လက္ခ်အသုံးမျပဳႏိုင္ေသးဘူးလို႔ ေျပာၾကတာပါ။ HMD ကေတာ့ ဒီျပႆနာေတြအတြက္ ေကာင္းမြန္တဲ့ ျပဳျပင္မႈေတြထြက္ေပၚလာေအာင္ ႀကိဳးစားေဆာင္႐ြက္ေနတယ္လို႔ အေၾကာင္းျပန္ထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာ HMD ရဲ႕ ပထမဆုံး In-display reader ျဖစ္သလို ပထမဆုံး Penta-camera setup လည္း ျဖစ္လို႔ပါပဲ။

Ref: GSMArena

[Unicode]

ကင်မရာနဲ့ In-Display Fingerprint Reader တို့မှာ ပြဿနာအနည်းငယ် ကြုံနေရတဲ့ Nokia 9 PureView

Nokia 9 PureView ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ အသုံးပြုသူတွေရဲ့ လက်ထဲကို ရောက်ရှိခဲ့ပါတယ်။ ၂၀၁၉ ရဲ့ စမတ်ဖုန်း ပြိုင်ကွင်းထဲကို Nokia 9 PureView ပြန်ဝင်လာပြီး နေရာတစ်နေရာ ပြန်ရဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီဟာ အစစအရာရာ ကောင်းမွန်အောင် စီစဉ်ထားပေမယ့် ပြဿနာအချို့ကတော့ စောင့်ကြိုနေခဲ့ပါတယ်။

Noika 9 PureView ကို အသုံးပြုသူအချို့က ကင်မရာနဲ့ In-Display Fingerprint Reader တို့မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအချို့ကို တိုင်တန်းလာတဲ့နောက်မှာတော့ HMD ရဲ့ Chief Product Officer Juho Sarvikas ကတော့ ပြုပြင်မှုတွေဟာ မကြာခင်ထွက်ပေါ်လာမယ်လို့ တွစ်တာပေါ်မှာ အကြောင်းပြန်ခဲ့ရပါတယ်။

ပထမပြဿနာကတော့ ကင်မရာပါ။ ဘက်ထရီအားနည်းလာချိန်မှာ ကင်မရာသုံးမရ ဖြစ်တာမျိုးပါ။ ဗို့အား ကျဆင်းမှုက ပြဿနာကို ဖြစ်ပေါ်စေတာလို့ ဆိုရမှာပါ။ ဒါ့အပြင် Depth mode နဲ့ DNG RAW ဖွင့်ထားချိန်မှာလည်း ဆော့ဖ်ဝဲပိုင်းပြဿနာအချို့နဲ့ ကြုံတွေ့ရတယ်လို့ တိုင်ကြားထားကြပါသေးတယ်။

နောက်တစ်ခုကတော့ In-Display Fingerprint Reader ကလည်း စိတ်ချလက်ချအသုံးမပြုနိုင်သေးဘူးလို့ ပြောကြတာပါ။ HMD ကတော့ ဒီပြဿနာတွေအတွက် ကောင်းမွန်တဲ့ ပြုပြင်မှုတွေထွက်ပေါ်လာအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ အကြောင်းပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ HMD ရဲ့ ပထမဆုံး In-display reader ဖြစ်သလို ပထမဆုံး Penta-camera setup လည်း ဖြစ်လို့ပါပဲ။

Ref: GSMArena