Zawgyi ၿပီးခဲ့တဲ့အပတ္က Nokia ရဲ႕တရားဝင္ အိႏၵိယဝက္ဆုိက္မွာ Nokia 3.2 နဲ႔ 4.2 စမတ္ဖုန္းသစ္ေတြကို ထည့္သြင္းခဲ့တာေၾကာင့္ မၾကာခင္ေတြ႕ရေတာ့မယ္လို႔ ယူဆခဲ့ၾကပါတယ္။ ယခုအခါ Nokia ဟာ သူတုိ႔ရဲ႕ ဆုိရွယ္အေကာင့္ကေန ေမလ ၇ ရက္ေန႔မွာ Nokia 4.2 အား အိႏၵိယေစ်းကြက္သုိ႔ မိတ္ဆက္လာမယ့္အေၾကာင္း Tease လုပ္သြားခဲ့ျပန္ပါတယ္။ https://twitter.com/NokiamobileIN/status/1124675315828051970 သူတုိ႔တင္ထားတဲ့ ဗီဒီယုိအတုိေလးထဲမွာ Nokia 4.2 ရဲ႕ Google Assistant ခလုတ္ေလးကို ျပသထားၿပီး “Do it all” လို႔လဲ ဆုိထားပါတယ္။ 3.2 ဖုန္းမွာလည္း အလားတူ Assistant ခလုတ္ကို ဘယ္ဘက္မွာ ထည့္ထားပါတယ္။ လာမယ့္ေမလ ၇ ရက္ေန႔မွာ Nokia 4.2 နဲ႔အတူ 3.2 ကိုပါ မိတ္ဆက္လာမလား ဆုိတာကို ေစာင့္ၾကည့္ရဦးမွာပါ။ Nokia 4.2 မွာ 5.71” လက္မအရြယ္ IPS LCD Display ပါဝင္ပါတယ္။ အတြင္းမွာ Snapdragon 439 ခ်စ္ပ္ဆက္ကုိ အသုံးျပဳထားၿပီး မန္မုိရီက 3 / 32GB နဲ႔ 2 / 16GB ေမာ္ဒယ္ႏွစ္မ်ဳိး ထြက္လာမွာပါ။ Storage နည္းပါးတယ္လို႔ထင္ရင္ MicroSd ကတ္နဲ႔ေတာ့ ထပ္ထည့္ႏုိင္ပါတယ္။ ကင္မရာက ေနာက္ဘက္မွာ 13MP f/2.2 အဓိကကင္မရာနဲ႔ 2MP Depth Sensor တုိ႔ပါဝင္တယ္။ ေရွ႕ဘက္ဆယ္ဖီကင္မရာက 8MP f/2.0 ျဖစ္ၿပီး ဘကၳရီက 3,000 mAh ပါ။ Black နဲ႔ Pink Sand ဆုိတဲ့ ကာလာႏွစ္မ်ဳိးနဲ႔ ထြက္လာမယ့္ Nokia 4.2 ကေတာ့ ယူရုိ ၁၅၀ (ျမန္မာေငြႏွစ္သိန္းခြဲဝန္းက်င္) က်သင့္မွာပါ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီတုန္းက MWC ပြဲမွာေၾကျငာခဲ့တဲ့ Flagship ဖုန္း Nokia 9 Pureview လည္း မၾကာခင္ အိႏၵိယေစ်းကြက္ကို ဝင္လာမွာျဖစ္ပါတယ္။ Nokia 9 Pureview ဖုန္းဟာ မတ္လတုန္းက သတင္းထြက္ခဲ့ၿပီး အိႏၵိယျပည္တြင္းမွာလည္း မွတ္ပုံတင္ထားၿပီးျဖစ္ပါတယ္။ Ref – GSM Arena Unicode ပြီးခဲ့တဲ့အပတ်က Nokia ရဲ့တရားဝင် အိန္ဒိယဝက်ဆိုက်မှာ Nokia 3.2 နဲ့ 4.2 စမတ်ဖုန်းသစ်တွေကို ထည့်သွင်းခဲ့တာကြောင့် မကြာခင်တွေ့ရတော့မယ်လို့ ယူဆခဲ့ကြပါတယ်။ ယခုအခါ Nokia ဟာ သူတို့ရဲ့ ဆိုရှယ်အကောင့်ကနေ မေလ ၇ ရက်နေ့မှာ Nokia 4.2 အား အိန္ဒိယဈေးကွက်သို့ မိတ်ဆက်လာမယ့်အကြောင်း Tease လုပ်သွားခဲ့ပြန်ပါတယ်။ https://twitter.com/NokiamobileIN/status/1124675315828051970 သူတို့တင်ထားတဲ့ ဗီဒီယိုအတိုလေးထဲမှာ Nokia 4.2 ရဲ့ Google Assistant ခလုတ်လေးကို ပြသထားပြီး “Do it all” လို့လဲ ဆိုထားပါတယ်။ 3.2 ဖုန်းမှာလည်း အလားတူ Assistant ခလုတ်ကို ဘယ်ဘက်မှာ ထည့်ထားပါတယ်။ လာမယ့်မေလ ၇ ရက်နေ့မှာ Nokia 4.2 နဲ့အတူ 3.2 ကိုပါ မိတ်ဆက်လာမလား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ Nokia 4.2 မှာ 5.71” လက်မအရွယ် IPS LCD Display ပါဝင်ပါတယ်။ အတွင်းမှာ Snapdragon 439 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီက 3 / 32GB နဲ့ 2 / 16GB မော်ဒယ်နှစ်မျိုး ထွက်လာမှာပါ။ Storage နည်းပါးတယ်လို့ထင်ရင် MicroSd ကတ်နဲ့တော့ ထပ်ထည့်နိုင်ပါတယ်။ ကင်မရာက နောက်ဘက်မှာ 13MP f/2.2 အဓိကကင်မရာနဲ့ 2MP Depth Sensor တို့ပါဝင်တယ်။ ရှေ့ဘက်ဆယ်ဖီကင်မရာက 8MP f/2.0 ဖြစ်ပြီး ဘက္ထရီက 3,000 mAh ပါ။ Black နဲ့ Pink Sand ဆိုတဲ့ ကာလာနှစ်မျိုးနဲ့ ထွက်လာမယ့် Nokia 4.2 ကတော့ ယူရို ၁၅၀ (မြန်မာငွေနှစ်သိန်းခွဲဝန်းကျင်) ကျသင့်မှာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက MWC ပွဲမှာကြေငြာခဲ့တဲ့ Flagship ဖုန်း Nokia 9 Pureview လည်း မကြာခင် အိန္ဒိယဈေးကွက်ကို ဝင်လာမှာဖြစ်ပါတယ်။ Nokia 9 Pureview ဖုန်းဟာ မတ်လတုန်းက သတင်းထွက်ခဲ့ပြီး အိန္ဒိယပြည်တွင်းမှာလည်း မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ Ref – GSM Arena