ဟောင်ကောင် အခြေစိုက် Blockchain ဂိမ်း Developer Animoca Brands ဟာ ကိုရီးယား K-Pop အေဂျင်စီ ၁ ခုနဲ့ ပူးပေါင်းပြီး NFTs တွေကို ဖန်တီးမှာ ဖြစ်ပါတယ်။ K-Pop အဖွဲ့တွေထဲက အဆိုတော်နဲ့ မင်းသား၊ မင်းသမီးတွေပါတဲ့ NFTs တွေကို ထုတ်လုပ်ရောင်းချမှာပါ။ နာမည်ကျော် BTS ဟာ NFTs နယ်ပယ်ထဲကို ဝင်ရောက်လာပြီ ဖြစ်ပြီး Animoca ရဲ့ စီမံကိန်းကြောင့် NFTs နယ်ပယ်ထဲကို ကိုရီးယား နာမည်ကျော်တွေ ပိုမို အခြေချလာတော့မှာ ဖြစ်ပါတယ်။

Hong Kong Blockchain Unicorn Startup Animoca Brands Joins Forces With K-Pop Agency To Make NFTs

Animoca က တောင်ကိုရီးယား Talent အေဂျင်စီ ၁ ခု ဖြစ်တဲ့ Cube Entertainment နဲ့ ပူးပေါင်းပြီး NFTs တွေ ဖန်တီးမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ NFTs တွေဟာ သီချင်း၊ အနုပညာလက်ရာနဲ့ In-game Items တွေလို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ သက်သေခံ မှတ်တမ်းတင်ပေးထားပါတယ်။ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး Cube Entertainment အနုပညာရှင်တွေရဲ့ သီချင်း၊ အယ်လ်ဘမ်၊ ဓါတ်ပုံနဲ့ Avatar တွေကို အခြေပြုထားတဲ့ NFTs တွေကို ရောင်းချမှာ ဖြစ်ပါတယ်။

Animoca ရဲ့ တည်ထောင်သူ Yat Siu က “ K-Pop ဟာ ကမ္ဘာမှာ အရမ်းကို အောင်မြင်နေပြီး Animoca Brands ဟာ Cube Entertainment နဲ့ အလုပ်လုပ်ဖို့ အရမ်းကို ဆန္ဒပြင်းပြနေပါတယ်။ “ လို့ ပြောပါတယ်။

Amid NFT frenzy, HK-based Animoca Brands nets $89m to enter unicorn club

Animoca ဟာ NFTs တွေ လဲလှယ်နိုင်တဲ့ Blockchain ဂိမ်းတွေကို ဖန်တီးထားပြီး လူကြိုက်များ အောင်မြင်နေပါတယ်။ သက်တမ်း ၇ နှစ်ပဲ ရှိသေးတဲ့ Startup ဟာ NFTs ကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံထားပြီး အဲဒီအထဲမှာ Blockchain ဂိမ်း CryptoKitties ကို ဖန်တီးထားတဲ့ Dapper Labs နဲ့ Axie Infinity ရဲ့ Developer Sky Mavis တို့ ပါဝင်ပါတယ်။

နာမည်ကျော်ကြား လူသိများသူတွေ ပါဝင်လာတဲ့အတွက် NFTs ဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပိုမို နာမည်ကြီးလာပါတယ်။ အောက်တိုဘာလ ၁ လထဲမှာ ဒေါ်လာ ၄.၂ ဘီလီယမ်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ Blockchain လေ့လာဆန်းစစ်တဲ့ အဖွဲ့အစည်း DappRadar က ပြောပါတယ်။

Ref : forbesmiddleeast