[Zawgyi]

လတ္တေလာအေျခအေနအရ အေမရိကန္ကုမၸဏီေတြဟာ Huawei နဲ႔ ျပန္ၿပီး အလုပ္လုပ္လို႔ရတယ္ဆိုေပမယ့္ ကန႔္သတ္ခ်က္တစ္ခု ေအာက္မွာပဲ ရွိေနေသးသလို ေနာက္ဆုံးအၿပီးသတ္ ဆုံးျဖတ္ခ်က္ကလည္း ထြက္ေပၚလာျခင္း မရွိေသးပါဘူး။ အေျခအေနက ေစာင့္ၾကည့္ရဆဲျဖစ္ၿပီး အခ်ိန္မေ႐ြး ေျပာင္းလဲသြားႏိုင္တာလည္း ျဖစ္ပါတယ္။

Huawei ကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ HongmongOS ကို အက်ပ္အတည္းျဖစ္လာရင္ ထုတ္သုံးဖို႔ ဆက္ၿပီး ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနဆဲပါပဲ။ ဒီ OS ဟာ ႏိုင္ငံတကာေဈးကြက္ကို မေရာက္ရင္ေတာင္ တ႐ုတ္ျပည္တြင္းေဈးကြက္မွာ တြင္တြင္က်ယ္က်ယ္ သုံးလာႏိုင္ဖို႔ အလားအလာေကာင္းေတြ ရွိေနတယ္လို႔ ဆိုရမွာပါ။

ျပင္သစ္မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ Huawei ရဲ႕ CEO နဲ႔ တည္ေထာင္သူ Ren Zhengfei (ရင္က်န႔္ေဖး) က သူတို႔ ဖန္တီးထားတဲ့ HongmengOS ဟာ Android ထက္ပိုၿပီး ျမန္လိမ့္မယ္၊ Broader Application လည္း ပါလိမ့္မယ္လို႔ ေျပလိုက္ေတာ့ အုတ္ေအာ္ေသာင္းတင္း ျဖစ္သြားခဲ့ၾကပါေသးတယ္။

အဓိပၸါယ္ကေတာ့ HongmengOS ကို စမတ္ဖုန္းမွာတင္သုံးလို႔ရတာမဟုတ္ဘဲ Router ေတြ၊ Network Switch ေတြ၊ Tablets ေတြ၊ ကြန္ပ်ဴတာေတြနဲ႔ ေဒတာစင္တာေတြမွာပါ သုံးႏိုင္တယ္လို႔ ေျပာလိုက္တာပါပဲ။ ေနာက္ပိုင္းထြက္ေပၚလာတဲ့ သတင္းအခ်ိဳ႕မွာလည္း Huawei ရဲ႕ HongmenOS ဟာ Android ထက္ ၆၀% ေလာက္ ပိုျမန္တယ္လို႔ ေဖာ္ျပၾကတာေၾကာင့္ အေတာ္ေလးကို အျငင္းအခုန္ ျဖစ္ခဲ့ၾကရပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Hongmeng ဟာ processing delay 5ms (milliseconds) ထက္နည္းမယ္လို႔ ဆိုပါတယ္။ ဒီေတာ့ Apple ရဲ႕ MacOS ထက္ ျမန္မယ္ဆိုတာကလည္း အမွန္တကယ္ ျဖစ္လာႏိုင္ပါတယ္။ HongmengOS ဟာ Android ဒါမွမဟုတ္ MacOS ထက္ ျမန္ႏိုင္လားဆိုတဲ့ သတင္းေထာက္ရဲ႕ ေမးခြန္းကို “အလြန္ ျဖစ္ႏိုင္တာေပါ့” လို႔ ေျဖသြားခဲ့တာက စိတ္ဝင္စားစရာ အေကာင္းဆုံး သဲလြန္စပဲ ျဖစ္ပါတယ္။

ဒီေဆာင္းပါးရဲ႕ ေခါင္းစဥ္ျဖစ္တဲ့ Huawei ရဲ႕ HongmengOS ဟာ တကယ္ပဲ Android နဲ႔ MacOS ေတြထက္ ပိုျမန္သလား ဆိုတဲ့ ေမးခြန္းအတြက္အေျဖရဖို႔ေတာ့ Huawei က လက္ေတြ႕ ခ်ျပမယ့္ အခ်ိန္ကို ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Huawei ရဲ့ HongmengOS ဟာ တကယ်ပဲ Android နဲ့ MacOS တွေထက် ပိုမြန်သလား

လတ်တလောအခြေအနေအရ အမေရိကန်ကုမ္ပဏီတွေဟာ Huawei နဲ့ ပြန်ပြီး အလုပ်လုပ်လို့ရတယ်ဆိုပေမယ့် ကန့်သတ်ချက်တစ်ခု အောက်မှာပဲ ရှိနေသေးသလို နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ချက်ကလည်း ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ အခြေအနေက စောင့်ကြည့်ရဆဲဖြစ်ပြီး အချိန်မရွေး ပြောင်းလဲသွားနိုင်တာလည်း ဖြစ်ပါတယ်။

Huawei ကတော့ သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HongmongOS ကို အကျပ်အတည်းဖြစ်လာရင် ထုတ်သုံးဖို့ ဆက်ပြီး ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေဆဲပါပဲ။ ဒီ OS ဟာ နိုင်ငံတကာဈေးကွက်ကို မရောက်ရင်တောင် တရုတ်ပြည်တွင်းဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ဆိုရမှာပါ။

ပြင်သစ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Huawei ရဲ့ CEO နဲ့ တည်ထောင်သူ Ren Zhengfei (ရင်ကျန့်ဖေး) က သူတို့ ဖန်တီးထားတဲ့ HongmengOS ဟာ Android ထက်ပိုပြီး မြန်လိမ့်မယ်၊ Broader Application လည်း ပါလိမ့်မယ်လို့ ပြေလိုက်တော့ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ကြပါသေးတယ်။

အဓိပ္ပါယ်ကတော့ HongmengOS ကို စမတ်ဖုန်းမှာတင်သုံးလို့ရတာမဟုတ်ဘဲ Router တွေ၊ Network Switch တွေ၊ Tablets တွေ၊ ကွန်ပျူတာတွေနဲ့ ဒေတာစင်တာတွေမှာပါ သုံးနိုင်တယ်လို့ ပြောလိုက်တာပါပဲ။ နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းအချို့မှာလည်း Huawei ရဲ့ HongmenOS ဟာ Android ထက် ၆၀% လောက် ပိုမြန်တယ်လို့ ဖော်ပြကြတာကြောင့် အတော်လေးကို အငြင်းအခုန် ဖြစ်ခဲ့ကြရပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Hongmeng ဟာ processing delay 5ms (milliseconds) ထက်နည်းမယ်လို့ ဆိုပါတယ်။ ဒီတော့ Apple ရဲ့ MacOS ထက် မြန်မယ်ဆိုတာကလည်း အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။ HongmengOS ဟာ Android ဒါမှမဟုတ် MacOS ထက် မြန်နိုင်လားဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို “အလွန် ဖြစ်နိုင်တာပေါ့” လို့ ဖြေသွားခဲ့တာက စိတ်ဝင်စားစရာ အကောင်းဆုံး သဲလွန်စပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ Huawei ရဲ့ HongmengOS ဟာ တကယ်ပဲ Android နဲ့ MacOS တွေထက် ပိုမြန်သလား ဆိုတဲ့ မေးခွန်းအတွက်အဖြေရဖို့တော့ Huawei က လက်တွေ့ ချပြမယ့် အချိန်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena