Honor Series စမတ်ဖုန်းတွေဟာ များသောအားဖြင့် Huawei ရဲ့ Flagship ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ရှိပြီးတော့ ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာတဲ့ စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Honor ကနေ Honor 10 အမည်ရှိတဲ့ Flagship စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

Huawei Honor 10 ကို ယခုတွေ့ရတာကတော့ Case တစ်ခုထဲမှာတွေ့ရတာဖြစ်ပြီးတော့ ဖုန်းဒီဇိုင်းကိုတော့ အတိအကျမြင်ရခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် Honor 10 စမတ်ဖုန်းဟာ Huawei P20 ဖုန်းလိုပဲ Notch Bar အပြင် Fingerprint Scanner ကိုလည်း Home Key မှာတပ်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei ရဲ့ ယခု Honor 10 စမတ်ဖုန်းဟာ အများအားဖြင့် Huawei P20 စမတ်ဖုန်းနဲ့ တူညီနိုင်တယ်လို့ ယူဆရပေမယ့် Huawei P20 Pro စမတ်ဖုန်းရဲ့ ကင်မရာ ၃ လုံးတော့ပါဝင်မှာမဟုတ်လောက်ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်မြင့် Kirin 970 Processor တော့ပါဝင်ဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei P20 စမတ်ဖုန်းနဲ့ စွမ်းဆောင်ရည်တူညီလောက်ပြီး ဈေးပိုသက်သာတဲ့ Honor 10 ဖုန်းကို မြင်ရတော့မှာပါ။