Honor ဖုန်းတွေဟာ Top – End Phone တွေရဲ့ Specification တွေပါပြီး ဈေးသက်သာတဲ့ ဖုန်းတွေ ထုတ်လုပ်ဖို့ကိုပဲ အဓိက အားစိုက်လုပ်ကိုင် နေခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့ Honor 9 ကလည်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Honor က အဲ့လောက်နဲ့ မတင်းတိမ် နိုင်ခဲ့ပါဘူး။

Source: TechRadar.com

Design ပိုင်းကို ပြောရမယ်ဆိုရင် Honor 10 ဟာ အထာကျကျနဲ့ ကြည့်ကောင်းတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် Huawei P20 နဲ့ နည်းနည်းလေး ဆင်တယ်လို့ ပြောလို့ရပေမယ့် ပြဿနာတော့ မဟုတ်ပါဘူး။ Huawei ဆိုတာကလည်း Honor ရဲ့ Parent Company ဆိုတော့ ဒီလောက်က ခွင့်လွှတ်ပေးလို့ ရပါတယ်။ သူ့ရဲ့ Shade ကိုတော့ Phantom Blue လို့ ခေါ်ပြီး အဲ့လို Colour တွေ မကြိုက်ဘူးဆိုရင် Traditional – Looking Black နဲ့ Glacier Grey ဆိုပြီး ရွေးလို့ရပါသေးတယ်။

Source: TechRadar.com

Display အနေနဲ့ ကတော့ Honor 9 နဲ့မတူတော့ဘဲ ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ တခြားဖုန်းတွေနဲ့ ဆင်ပါတယ်။ 5.84-Inch 19:9 Display ကိုသုံးထားပြီး ဖုန်းရဲ့ ထိပ်မှာတော့ Front-Facing Camera နဲ့ Face Scanning Tech ပါတဲ့ Notch လေးရှိပါတယ်။ Full HD + Resolution နဲ့ Honor 10 ရဲ့ Screen ကတော့ အရောင်တွေ စိုတောက် ကြည်လင်နေပြီး အထင်ကြ်ီးစရာ ကောင်းပါတယ်။

Chipset တွေ CPU GPU တွေကလည်း Huawei P20 နဲ့ အတူတူပဲဆိုပေမယ့် Honor 10 ကတော့ ပိုသက်သာတဲ့ ဈေးနှုန်း $540 လောက်နဲ့ စရောင်းတာ ဆိုတော့ ပရိတ်သတ်ကြီးရော Honor 10 ထွက်လာရင် ဝယ်ဖို့ ပြင်နေကြပြီလား။