[Zawgyi]

တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Honor ရဲ႕ေနာက္ဆုံးေပၚဖုန္းျဖစ္တဲ့ Honor 10i ဟာ ရုရွေစ်းကြက္ကေန စတင္ၿပီး တရားဝင္ထြက္ရွိလာခဲ့ပါၿပီ။ သတင္းေတြထြက္ထားသလိုပဲ Kirin 710 ခ်စ္ပ္ဆက္၊ Triple-camera နဲ႔ 32MP ဆယ္ဖီတုိ႔ ပါဝင္ခဲ့တဲ့ ဖုန္းအသစ္ဟာ Huawei Nova 4e ရဲ႕ Specs ေတြနဲ႔ ေတာ္ေတာ္ေလး ဆင္တူပါတယ္။

Honor 10i ဖုန္းဟာ 6.21” လက္မအရြယ္ Display နဲ႔ထြက္လာၿပီး Waterdrop Notch တစ္ခုပါဝင္တယ္။ အတြင္းမွာ Mid-range ဖုန္းေတြအတြက္ ဒီဇုိင္းထုတ္ထားတဲ့ Kirin 710 ခ်စ္ပ္ဆက္ သုံးစြဲလာၿပီး 4GB RAM မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ Storage ကေတာ့ 128 GB ပါဝင္တယ္။

Android 9 Pie ကိုအေျခခံထားတဲ့ EMUI နဲ႔အသုံးျပဳရမယ့္ Honor 10i ဖုန္းမွာ ဂရပ္ဖစ္စြမ္းေဆာင္ရည္ ပုိေကာင္းေစဖို႔ GPU Turbo 2.0 ပါဝင္ပါတယ္။ ဘကၳရီကေတာ့ 3,400 mAh ပါ။ Triple ကင္မရာအတြဲက 24 MP အဓိက ကင္မရာတစ္လုံး၊ 8MP Ultra Wide-Angle တစ္ခုနဲ႔ 2MP Depth Sensor တုိ႔အတြဲပါပဲ။

Honor 10i ဖုန္းကို Shimmer Red, Shimmer Blue နဲ႔ Vicious Black ဆုိတဲ့ အေရာင္သုံးမ်ဳိးနဲ႔ ထြက္ေပၚလာတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ ရုရွေစ်းကြက္မွာေတာင္ ဘယ္ေစ်းႏႈန္းနဲ႔ေရာင္းခ်တယ္ဆုိတာ မသိရေသးပါဘူး။

Ref – Playful Droid

[Unicode]

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Honor ရဲ့နောက်ဆုံးပေါ်ဖုန်းဖြစ်တဲ့ Honor 10i ဟာ ရုရှဈေးကွက်ကနေ စတင်ပြီး တရားဝင်ထွက်ရှိလာခဲ့ပါပြီ။ သတင်းတွေထွက်ထားသလိုပဲ Kirin 710 ချစ်ပ်ဆက်၊ Triple-camera နဲ့ 32MP ဆယ်ဖီတို့ ပါဝင်ခဲ့တဲ့ ဖုန်းအသစ်ဟာ Huawei Nova 4e ရဲ့ Specs တွေနဲ့ တော်တော်လေး ဆင်တူပါတယ်။

Honor 10i ဖုန်းဟာ 6.21” လက်မအရွယ် Display နဲ့ထွက်လာပြီး Waterdrop Notch တစ်ခုပါဝင်တယ်။ အတွင်းမှာ Mid-range ဖုန်းတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ Kirin 710 ချစ်ပ်ဆက် သုံးစွဲလာပြီး 4GB RAM မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ Storage ကတော့ 128 GB ပါဝင်တယ်။

Android 9 Pie ကိုအခြေခံထားတဲ့ EMUI နဲ့အသုံးပြုရမယ့် Honor 10i ဖုန်းမှာ ဂရပ်ဖစ်စွမ်းဆောင်ရည် ပိုကောင်းစေဖို့ GPU Turbo 2.0 ပါဝင်ပါတယ်။ ဘက္ထရီကတော့ 3,400 mAh ပါ။ Triple ကင်မရာအတွဲက 24 MP အဓိက ကင်မရာတစ်လုံး၊ 8MP Ultra Wide-Angle တစ်ခုနဲ့ 2MP Depth Sensor တို့အတွဲပါပဲ။

Honor 10i ဖုန်းကို Shimmer Red, Shimmer Blue နဲ့ Vicious Black ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် ရုရှဈေးကွက်မှာတောင် ဘယ်ဈေးနှုန်းနဲ့ရောင်းချတယ်ဆိုတာ မသိရသေးပါဘူး။

Ref – Playful Droid