Honor ကနေတရုတ်နိုင်ငံမှာ Honor 9X Series ဖုန်းတွေကို မိတ်ဆက်ခဲ့တာအခုဆိုရင် ၁ နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Honor ကနေ အဆိုပါ Honor 9X Series စမတ်ဖုန်းတွေကို အလုံးရေ ၁၀ သန်းကျော်ရောင်းချရပြီးပြီလို့ကြေညာခဲ့တဲ့အတွက် Honor 10X စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့နီးကပ်နေပြီလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အခုလည်း Honor 10X Pro ဖြစ်လာနိုင်တဲ့ Render ဓါတ်ပုံတစ်ခုက ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ Honor အနေနဲ့ အဆိုပါ Honor 10X Series ဖုန်းတွေကို မိတ်ဆက်မယ်ဆိုပြီး တရားဝင်မကြေညာရသေးပေမယ့် အဆိုပါ Render ပုံအရတော့ မကြာခင်မိတ်ဆက်လာနိုင်တဲ့ပုံစံပါပဲ။

Honor 10X Pro ရဲ့ Render ပုံမှာတော့ Punch-hole Display ကို အသုံးပြုထားပြီး Display ရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာ Single Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ ဘေးဘောင်တွေအရလည်း တော်တော်လေးကိုပါးလွှာနေတာကိုတွေ့ရပါတယ်။

နောက်ဖက် Camera ပိုင်းမှာတော့ Triple Camera Setup ကိုပဲ အသုံးပြုထားပြီးတော့ မကြာသေးခင်တုန်းက မိတ်ဆက်ခဲ့တဲ့ Honor 30 Series ဖုန်းတွေလိုမျိုးပဲ လေးထောင့်ဒီဇိုင်းကို အသုံးပြုထားတာဖြစ်ပါတယ်။ Primary Sensor ကိုတော့ 64MP Sensor အသုံးပြုလာမယ်လို့ သိရပါတယ်။

Honor 10X Pro စမတ်ဖုန်းဟာ Kirin 820 Processor ၊ OLED Display အပြင် 20W Fast Charging ကိုလည်း Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်ရက်သတ္တပတ်အတွင်းမှာ Honor 10X Series ဖုန်းတွေမိတ်ဆက်မယ့်အချိန်ထွက်ပေါ်လာနိုင်ပါတယ်။

Ref – Gizmo China