Zawgyi

Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ကေန ထုတ္လုပ္တဲ့ဖုန္းအခ်ဳိ႕ကို မိခင္ကုမၸဏီရဲ႕ တံဆိပ္နဲ႔ ျပန္လည္ထုတ္ေဝေလ့ရွိတာေၾကာင့္ အမွတ္တံဆိပ္တစ္ခုထက္ပိုၿပီးပိုင္ဆုိင္တဲ့ ကုမၸဏီေတြအတြက္ ဥပမာ အသစ္တစ္ခုျဖစ္ပါတယ္။

ယခုအခါမွာလည္း Global ေစ်းကြက္မွာ Honor 20 အျဖစ္ ရရွိေနတဲ့ စမတ္ဖုန္းေမာ္ဒယ္နံပါတ္ YAL-L21 နဲ႔ဟန္းဆက္ဟာ ထိုင္းႏုိင္ငံေစ်းကြက္ထဲကိုဝင္ေရာက္ဖို႔ Huawei Nova 5T အမည္နဲ႔ အစစ္ေဆးခံေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီဖုန္းဟာ တရုတ္ျပည္ျပင္ပကို Nova 5 အမည္နဲ႔ေရာက္လာမယ့္ ပထမဆုံး စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

Honor 20 စမတ္ဖုန္းကို ေက်ာဘက္ကင္မရာေလးလုံး၊ ေရွ႕ဘက္မွာ ဆယ္လ္ဖီအတြက္ Punch-hole ဒီဇုိင္းတုိ႔ျဖင့္ စတင္မိတ္ဆက္ခဲ့တာပါ။ ၄င္းဟာ Honor 20 Pro နဲ႔ အနည္းငယ္ကြဲျပားေပမယ့္ ေနာက္ဆုံးေပၚ Kirin 980 ခ်စ္ပ္ဆက္နဲ႔ပဲ ထြက္လာခဲ့တာျဖစ္ပါတယ္။ ေမလမွာ မိတ္ဆက္ခဲ့စဥ္ကေတာ့ Huawei ဟာ အေမရိကန္နဲ႔ ကုန္သြယ္တုိက္ပြဲၾကားေရာက္သြားခဲ့တာေၾကာင့္ ထြက္ရွိရက္ကို ထည့္သြင္းမေၾကျငာႏုိင္ခဲ့ပါဘူး။

မိတ္ဆက္ၿပီး တစ္လအၾကာမွာေတာ့ ဒီဖုန္းဟာ ႏုိင္ငံတကာျမင္ကြင္းသုိ႔ ေရာက္ရွိလာခဲ့ၿပီး ဥေရာပ၊ ရုရွနဲ႔ အေရွ႕အလယ္ပုိင္းတုိ႔ကို Honor 20 နာမည္နဲ႔ပဲ ဝင္ေရာက္ခဲ့တာပါ။ ထိုစဥ္ကေတာ့ သူ႕တန္ဖုိးဟာ အေမရိကန္ေဒၚလာ ၅၀၀ (ျမန္မာေငြ ၇ သိန္းခြဲ) ခန္႔ရွိၿပီး အေရွ႕ေတာင္အာရွေစ်းကြက္တစ္ခုျဖစ္တဲ့ မေလးရွားကိုလည္း မေလးရင္းဂတ္ ၁,၆၉၉ (ျမန္မာေငြ ၆ သိန္းဝန္းက်င္) နဲ႔ မိတ္ဆက္လာခဲ့ပါေသးတယ္။

အခုလို နာမည္ေျပာင္းလာၿပီးတဲ့ေနာက္မွာေတာ့ ဘယ္ေစ်းကြက္ေတြကို ထပ္မံျဖန္႔ခ်ိလာဦးမလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ပုိၿပီး Spec ျမင့္တဲ့ Honor 20 Pro ကေရာ Huawei Nova 5 စီးရီး အေနနဲ႔ပဲ ေျပာင္းလဲျဖန္႔ခ်ိလာမလားဆုိတာပါ ေစာင့္ေမွ်ာ္ၾကည့္ရႈရမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီဟာ သူတို့ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကနေ ထုတ်လုပ်တဲ့ဖုန်းအချို့ကို မိခင်ကုမ္ပဏီရဲ့ တံဆိပ်နဲ့ ပြန်လည်ထုတ်ဝေလေ့ရှိတာကြောင့် အမှတ်တံဆိပ်တစ်ခုထက်ပိုပြီးပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေအတွက် ဥပမာ အသစ်တစ်ခုဖြစ်ပါတယ်။

ယခုအခါမှာလည်း Global ဈေးကွက်မှာ Honor 20 အဖြစ် ရရှိနေတဲ့ စမတ်ဖုန်းမော်ဒယ်နံပါတ် YAL-L21 နဲ့ဟန်းဆက်ဟာ ထိုင်းနိုင်ငံဈေးကွက်ထဲကိုဝင်ရောက်ဖို့ Huawei Nova 5T အမည်နဲ့ အစစ်ဆေးခံနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီဖုန်းဟာ တရုတ်ပြည်ပြင်ပကို Nova 5 အမည်နဲ့ရောက်လာမယ့် ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Honor 20 စမတ်ဖုန်းကို ကျောဘက်ကင်မရာလေးလုံး၊ ရှေ့ဘက်မှာ ဆယ်လ်ဖီအတွက် Punch-hole ဒီဇိုင်းတို့ဖြင့် စတင်မိတ်ဆက်ခဲ့တာပါ။ ၎င်းဟာ Honor 20 Pro နဲ့ အနည်းငယ်ကွဲပြားပေမယ့် နောက်ဆုံးပေါ် Kirin 980 ချစ်ပ်ဆက်နဲ့ပဲ ထွက်လာခဲ့တာဖြစ်ပါတယ်။ မေလမှာ မိတ်ဆက်ခဲ့စဉ်ကတော့ Huawei ဟာ အမေရိကန်နဲ့ ကုန်သွယ်တိုက်ပွဲကြားရောက်သွားခဲ့တာကြောင့် ထွက်ရှိရက်ကို ထည့်သွင်းမကြေငြာနိုင်ခဲ့ပါဘူး။

မိတ်ဆက်ပြီး တစ်လအကြာမှာတော့ ဒီဖုန်းဟာ နိုင်ငံတကာမြင်ကွင်းသို့ ရောက်ရှိလာခဲ့ပြီး ဥရောပ၊ ရုရှနဲ့ အရှေ့အလယ်ပိုင်းတို့ကို Honor 20 နာမည်နဲ့ပဲ ဝင်ရောက်ခဲ့တာပါ။ ထိုစဉ်ကတော့ သူ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၀၀ (မြန်မာငွေ ၇ သိန်းခွဲ) ခန့်ရှိပြီး အရှေ့တောင်အာရှဈေးကွက်တစ်ခုဖြစ်တဲ့ မလေးရှားကိုလည်း မလေးရင်းဂတ် ၁,၆၉၉ (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ မိတ်ဆက်လာခဲ့ပါသေးတယ်။

အခုလို နာမည်ပြောင်းလာပြီးတဲ့နောက်မှာတော့ ဘယ်ဈေးကွက်တွေကို ထပ်မံဖြန့်ချိလာဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ပိုပြီး Spec မြင့်တဲ့ Honor 20 Pro ကရော Huawei Nova 5 စီးရီး အနေနဲ့ပဲ ပြောင်းလဲဖြန့်ချိလာမလားဆိုတာပါ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

Ref – GSM Arena