Zawgyi

Huawei ရဲ႕အမွတ္တံဆိပ္ခြဲ Honor ဟာ ယေန႔မွာ Honor 20 Lite (Youth Edition) လို႔ အမည္ေပးထားတဲ့ ထုတ္ကုန္သစ္ကို ေၾကညာလိုက္ပါတယ္။

ဒီဖုန္းအသစ္မွာ 6.3” လက္မအရြယ္ AMOLED Display ပါၿပီး Full HD+ Resolution နဲ႔ပါ။ ျမင္ကြင္းအခ်ဳိးက 20:9 ျဖစ္ၿပီး Fingerprint ကိုလည္း Display ထဲမွာပဲ ထည့္လာတယ္။ ဆယ္ဖီကင္မရာအတြက္ ေသးငယ္တဲ့ Notch ေလးတစ္ခု ပါဝင္ၿပီး သူ႕ထဲမွာ 16MP f/2.0 ကင္မရာငယ္ကို ထည့္သြင္းထားပါတယ္။ ေနာက္ဘက္မွာေတာ့ 48MP အဓိက ကင္မရာကို 8MP Ultrawide နဲ႔ 2MP Depth Sensor ေတြနဲ႔ ဝန္းရံထားတယ္။

Honor 20 Lite (Youth Edition) ရဲ႕အတြင္းမွာေတာ့ Kirin 710F ခ်စ္ပ္ဆက္ကိုအသုံးျပဳထားၿပီး မန္မုိရီက အျမင့္ဆုံး 8GB RAM နဲ႔ 128GB Storage ထိရွိပါတယ္။ စက္ႏွင္စနစ္က Android Pie ကုိပဲ အေျခခံထားတဲ့ EMUI 9.1 နဲ႔ သုံးစြဲရမွာပါ။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး 20W အားအျမန္သြင္းစနစ္လည္း ပါဝင္တယ္။

လက္ရွိမွာ Honor 20 Lite (Youth Edition) စမတ္ဖုန္းကို Black, Green နဲ႔ Blue-Pink အေရာင္ေျပးဆုိၿပီး ကာလာသုံးမ်ဳိးထုတ္လုပ္လာပါတယ္။ သူ႕ရဲ႕တန္ဖိုးကေတာ့ အနိမ့္ဆုံး 4/64GB ဗားရွင္းကို တရုတ္ယြမ္ ၁၃၉၉ (ျမန္မာေငြ သုံးသိန္း) သတ္မွတ္ထားၿပီး အျမင့္ဆုံး 8/128GB ေမာ္ဒယ္က ယြမ္ ၁၈၉၉ (ျမန္မာေငြ ေလးသိန္းတစ္ေသာင္း) ျဖစ္ပါတယ္။ တရုတ္ျပည္တြင္းမွာတော့ ေအာက္တုိဘာ ၂၅ ရက္ေန႔ကေန စတင္ေရာင္းခ်သြားမွာပါ။

Ref – GSM Arena

Unicode

Huawei ရဲ့အမှတ်တံဆိပ်ခွဲ Honor ဟာ ယနေ့မှာ Honor 20 Lite (Youth Edition) လို့ အမည်ပေးထားတဲ့ ထုတ်ကုန်သစ်ကို ကြေညာလိုက်ပါတယ်။

ဒီဖုန်းအသစ်မှာ 6.3” လက်မအရွယ် AMOLED Display ပါပြီး Full HD+ Resolution နဲ့ပါ။ မြင်ကွင်းအချိုးက 20:9 ဖြစ်ပြီး Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်လာတယ်။ ဆယ်ဖီကင်မရာအတွက် သေးငယ်တဲ့ Notch လေးတစ်ခု ပါဝင်ပြီး သူ့ထဲမှာ 16MP f/2.0 ကင်မရာငယ်ကို ထည့်သွင်းထားပါတယ်။ နောက်ဘက်မှာတော့ 48MP အဓိက ကင်မရာကို 8MP Ultrawide နဲ့ 2MP Depth Sensor တွေနဲ့ ဝန်းရံထားတယ်။

Honor 20 Lite (Youth Edition) ရဲ့အတွင်းမှာတော့ Kirin 710F ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး မန်မိုရီက အမြင့်ဆုံး 8GB RAM နဲ့ 128GB Storage ထိရှိပါတယ်။ စက်နှင်စနစ်က Android Pie ကိုပဲ အခြေခံထားတဲ့ EMUI 9.1 နဲ့ သုံးစွဲရမှာပါ။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး 20W အားအမြန်သွင်းစနစ်လည်း ပါဝင်တယ်။

လက်ရှိမှာ Honor 20 Lite (Youth Edition) စမတ်ဖုန်းကို Black, Green နဲ့ Blue-Pink အရောင်ပြေးဆိုပြီး ကာလာသုံးမျိုးထုတ်လုပ်လာပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ အနိမ့်ဆုံး 4/64GB ဗားရှင်းကို တရုတ်ယွမ် ၁၃၉၉ (မြန်မာငွေ သုံးသိန်း) သတ်မှတ်ထားပြီး အမြင့်ဆုံး 8/128GB မော်ဒယ်က ယွမ် ၁၈၉၉ (မြန်မာငွေ လေးသိန်းတစ်သောင်း) ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာတော့ အောက်တိုဘာ ၂၅ ရက်နေ့ကနေ စတင်ရောင်းချသွားမှာပါ။

Ref – GSM Arena