[Zawgyi]

Honor ရဲ႕ ဥကၠဌ Zhao Ming က Honor 20 Lite (Youth Edition) ကို တရုတ္မွာ မၾကာခင္ ေရာင္းမယ္လို႔ အရိပ္အျမြက္ သတင္းေပးထားပါတယ္။ Fan ၁ ေယာက္က Huawei ရဲ႕ Pollen Club Forum မွာ အမ်ိဳးသမီးေတြအတြက္ သင့္ေတာ္ၿပီး ကင္မရာေကာင္းတဲ့ တန္ဖိုးနည္း စမတ္ဖုန္း လိုခ်င္တယ္လို႔ ေျပာတဲ့ စကားကို သူက တုန္႔ျပန္လိုက္တာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ ေစ်းခ်ိဳမယ္လို႔လည္း သူက သတင္းေပးလိုက္ပါတယ္။

Honor 20 Lite ကို ဥေရာပမွာ ယူရို ၃၀၀ နဲ႔ ေရာင္းေပးထားၿပီး ျမန္မာေငြ ၅ သိန္းေလာက္ရွိပါတယ္။ ဒါေပမယ့္ တရုတ္မွာေတာ့ Honor 10 Lite ရဲ႕ ေစ်းေလာက္နဲ႔ပဲ ေရာင္းခ်ႏိုင္ၿပီး ၁,၃၉၉ ယြမ္ေလာက္ သတ္မွတ္ထားႏုိင္ပါတယ္။ ျမန္မာေငြ ၃ သိန္းေလာက္ပဲရွိတဲ့အတြက္ တရုတ္မွာ ေစ်းအရမ္းကို ခ်ိဳမွာပါ။

Honor 20 Lite မွာ ၆.၂၁ လက္မ Waterdrop Notch Screen ထည့္သြင္းထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ 19.5:9 Aspect Ratio ျဖစ္တဲ့ အတြက္ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္းပါ။ Screen-to-body Ratio က ၉၀ ရာခိုင္ႏႈန္းရွိၿပီး ေဘာင္ေပ်ာက္ဒီဇိုင္းက မိုက္ပါတယ္။ Kirin 710 Chipset ေမာင္းႏွင္ထားၿပီး 4GB RAM နဲ႔ 128GB Storage ပါပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ ၂၂ နာရီၾကာ ဖုန္းေျပာႏုိင္တဲ့ 3,400mAh Battery ထည့္ထားပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ထည့္ထားၿပီး 24MP Main , 8MP 120 Degree Ultrawide နဲ႔ 2MP Depth Cameras ေတြ ျဖစ္ပါတယ္။ AI Multi-scene Recognition နဲ႔ Super Night Scene Mode ေတြ ပါပါတယ္။ Honor 20 Lite ရဲ႕ အလန္းဆံုးကေတာ့ 32MP Selfie Camera ျဖစ္ၿပီး AI Beautification Features ေတြ ထည့္ထားပါတယ္။ Phantom Red, Phantom Blue နဲ႔ Midnight Blue အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Ref : gizmochina

[Unicode]

ဈေးချိုတဲ့ Honor 20 Lite (Youth Edition) ကို တရုတ်မှာ မကြာခင် ရောင်းမည်

Honor ရဲ့ ဥက္ကဌ Zhao Ming က Honor 20 Lite (Youth Edition) ကို တရုတ်မှာ မကြာခင် ရောင်းမယ်လို့ အရိပ်အမြွက် သတင်းပေးထားပါတယ်။ Fan ၁ ယောက်က Huawei ရဲ့ Pollen Club Forum မှာ အမျိုးသမီးတွေအတွက် သင့်တော်ပြီး ကင်မရာကောင်းတဲ့ တန်ဖိုးနည်း စမတ်ဖုန်း လိုချင်တယ်လို့ ပြောတဲ့ စကားကို သူက တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ဈေးချိုမယ်လို့လည်း သူက သတင်းပေးလိုက်ပါတယ်။

Honor 20 Lite ကို ဥရောပမှာ ယူရို ၃၀၀ နဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၅ သိန်းလောက်ရှိပါတယ်။ ဒါပေမယ့် တရုတ်မှာတော့ Honor 10 Lite ရဲ့ ဈေးလောက်နဲ့ပဲ ရောင်းချနိုင်ပြီး ၁,၃၉၉ ယွမ်လောက် သတ်မှတ်ထားနိုင်ပါတယ်။ မြန်မာငွေ ၃ သိန်းလောက်ပဲရှိတဲ့အတွက် တရုတ်မှာ ဈေးအရမ်းကို ချိုမှာပါ။

Honor 20 Lite မှာ ၆.၂၁ လက်မ Waterdrop Notch Screen ထည့်သွင်းထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ 19.5:9 Aspect Ratio ဖြစ်တဲ့ အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ Screen-to-body Ratio က ၉၀ ရာခိုင်နှုန်းရှိပြီး ဘောင်ပျောက်ဒီဇိုင်းက မိုက်ပါတယ်။ Kirin 710 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ ၂၂ နာရီကြာ ဖုန်းပြောနိုင်တဲ့ 3,400mAh Battery ထည့်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်ထားပြီး 24MP Main , 8MP 120 Degree Ultrawide နဲ့ 2MP Depth Cameras တွေ ဖြစ်ပါတယ်။ AI Multi-scene Recognition နဲ့ Super Night Scene Mode တွေ ပါပါတယ်။ Honor 20 Lite ရဲ့ အလန်းဆုံးကတော့ 32MP Selfie Camera ဖြစ်ပြီး AI Beautification Features တွေ ထည့်ထားပါတယ်။ Phantom Red, Phantom Blue နဲ့ Midnight Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina