[Zawgyi]

ၾသဂုတ္လ ၂ ရက္မွာ Honor 20 Pro ကို ရုရွားမွာ ေရာင္းခ်ေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။ သူ႔ကို ေမလမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေမလမွာ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔မႈေတြေၾကာင့္ Huawei ဟာ Honor 20 Pro ကို ေရာင္းခ်မယ့္ အခ်ိန္ကို မေျပာၾကားခဲ့ပါဘူး။ အခုေတာ့ ကမာၻအ၀န္းမွာ သူ႔ကို ၀ယ္ယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ရုရွားမွာ ေရာင္းခ်ၿပီးေနာက္ United Kingdom, France, Italy, Spain, Germany, Netherlands, Czech Republic, Finland, Poland, Malaysia, Egypt, Saudi Arabia, the United Arab Emirates ႏိုင္ငံေတြမွာ ၀ယ္ယူႏုိင္ေတာ့မွာပါ။ ရုရွားမွာ ရူဘယ္ ၃၄ ၉၉၀ သတ္မွတ္ထားၿပီး ယူရို ၅၀၀ ေအာက္သာ ရွိပါတယ္။ ျမန္မာေငြ ၈၃၀ ၀၀၀ ေလာက္ ရွိႏုိင္ပါတယ္။ အျခား ႏုိင္ငံေတြမွာလည္း ဒီေစ်းေလာက္ပဲ ရွိမယ္လို႔ ထင္ပါတယ္။ မိတ္ဆက္ပြဲမွာေတာ့ Honor 20 Pro ရဲ႕ 8GB RAM/256GB Storage Version ကို ယူရို ၆၀၀ က်သင့္မယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Honor 20 Pro မွာ ၆.၂၆ လက္မ Full HD+ All-view Display တပ္ဆင္ထားၿပီး Screen-to-body Ratio မွာ 91.7 ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ 7nm Kirin 980 Chipset ေမာင္းႏွင္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ေလးလံုး ပါပါတယ္။ 48 MP + 8 MP Telephoto + 16 MP Ultra-Wide-Angle + 2 MP Dedicated Macro Cameras ေတြ ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 32MP Punch Hole Selfie Camera  ထည့္ထားပါတယ္။ ဖုန္းရဲ႕ ေဘးဘက္မွ ပါ၀ါ ခလုတ္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။

Ref : gsmarena

[Unicode]

ကမ္ဘာအဝန်းမှာ ရောင်းချပေးတော့မယ့် Honor 20 Pro

သြဂုတ်လ ၂ ရက်မှာ Honor 20 Pro ကို ရုရှားမှာ ရောင်းချပေးမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ကို မေလမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မေလမှာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် Huawei ဟာ Honor 20 Pro ကို ရောင်းချမယ့် အချိန်ကို မပြောကြားခဲ့ပါဘူး။ အခုတော့ ကမ္ဘာအဝန်းမှာ သူ့ကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ရုရှားမှာ ရောင်းချပြီးနောက် United Kingdom, France, Italy, Spain, Germany, Netherlands, Czech Republic, Finland, Poland, Malaysia, Egypt, Saudi Arabia, the United Arab Emirates နိုင်ငံတွေမှာ ဝယ်ယူနိုင်တော့မှာပါ။ ရုရှားမှာ ရူဘယ် ၃၄ ၉၉၀ သတ်မှတ်ထားပြီး ယူရို ၅၀၀ အောက်သာ ရှိပါတယ်။ မြန်မာငွေ ၈၃၀ ၀၀၀ လောက် ရှိနိုင်ပါတယ်။ အခြား နိုင်ငံတွေမှာလည်း ဒီဈေးလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။ မိတ်ဆက်ပွဲမှာတော့ Honor 20 Pro ရဲ့ 8GB RAM/256GB Storage Version ကို ယူရို ၆၀၀ ကျသင့်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Honor 20 Pro မှာ ၆.၂၆ လက်မ Full HD+ All-view Display တပ်ဆင်ထားပြီး Screen-to-body Ratio မှာ 91.7 ရာခိုင်နှုန်း ဖြစ်ပါတယ်။ 7nm Kirin 980 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ လေးလုံး ပါပါတယ်။ 48 MP + 8 MP Telephoto + 16 MP Ultra-Wide-Angle + 2 MP Dedicated Macro Cameras တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 32MP Punch Hole Selfie Camera ထည့်ထားပါတယ်။ ဖုန်းရဲ့ ဘေးဘက်မှ ပါဝါ ခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gsmarena