Zawgyi

ဒီလထဲမွာ မိတ္ဆက္လာမယ့္ Honor 20 Pro စမတ္ဖုန္းအတြက္ Promo ပုံရိပ္အသစ္ေတြ ထြက္ရွိလာၿပီ ျဖစ္ၿပီး ဒီပုံေတြဟာ ဟန္းဆက္အသစ္ရဲ႕ဒီဇုိင္းကို ျပသခဲ့ရုံသာမက ေရွ႕မ်က္ႏွာျပင္ေပၚမွာ Punch-hole ကင္မရာ ပါမယ္ဆုိတဲ့ သတင္းကိုလည္း ေျခဖ်က္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က သတင္းထဲမွာေတာ့ Honor 20 Pro ဟာ Camera-hole ကုိ အသုံးျပဳလာမယ္လို႔ ပါဝင္ခဲ့ေပမယ့္ ယခုပုံေတြအရ မဟုတ္ေၾကာင္း သိခြင့္ရခဲ့ပါၿပီ။ အဲ့ဒီတုန္းက ထြက္လာခဲ့တဲ့ ပုံေတြထဲမွာ ဘယ္ဘက္အေပၚေထာင့္မွာ Camera-hole တစ္ခု ထင္ရွားစြာ ပါဝင္ခဲ့တာပါ။ အခု Promo ဓါတ္ပုံေတြမွာေတာ့ လုံးဝမပါလာတဲ့ Render ဒီဇုိင္းကို ေတြ႕ရပါတယ္။

ျဖစ္ႏုိင္တာတစ္ခုကေတာ့ Pro မဟုတ္တဲ့ Honor 20 ဟန္းဆက္မွာ Camera-hole ကုိအသုံးျပဳလာၿပီး Pro ဗားရွင္းမွာေတာ့ Pop-up ဆယ္ဖီလိုမ်ဳိး တစ္စုံတစ္ခုကို သုံးစြဲလာမယ္လို႔ ယူဆရပါတယ္။ လာမယ့္ ႏွစ္ပတ္အၾကာမွာ Honor 20 Pro ကို မိတ္ဆက္လာေတာ့မွာျဖစ္လို႔ သိပ္ေစာင့္ရမွာ မဟုတ္ပါဘူး။

Honor 20 Pro ဖုန္းဟာ ေနာက္ေက်ာမွာ ကင္မရာေလးလုံးတြဲနဲ႔ ပြဲထြက္လာမယ္လို႔ သတင္းထြက္ထားၿပီး 40MP အဓိက ကင္မရာ၊ Ultra-wide ကင္မရာ၊ 5x Periscope တစ္ခုနဲ႔ 3D ToF တစ္လုံးတုိ႔ ျဖစ္ပါတယ္။ Honor 20 ဖုန္းမွာ 6.1” လက္မအရြယ္ Display ပါလာမယ္လို႔ ဆုိထားတာေၾကာင့္ Honor 20 Pro ကေတာ့ ပိုႀကီးတဲ့ Screen ကိုသုံးလာမွာပါ။ အတြင္းမွာ Kirin 980 ခ်စ္ပ္ဆက္ကို 8GB RAM နဲ႔တြဲထားပါတယ္။

Ref – GSM Arena

Unicode

ဒီလထဲမှာ မိတ်ဆက်လာမယ့် Honor 20 Pro စမတ်ဖုန်းအတွက် Promo ပုံရိပ်အသစ်တွေ ထွက်ရှိလာပြီ ဖြစ်ပြီး ဒီပုံတွေဟာ ဟန်းဆက်အသစ်ရဲ့ဒီဇိုင်းကို ပြသခဲ့ရုံသာမက ရှေ့မျက်နှာပြင်ပေါ်မှာ Punch-hole ကင်မရာ ပါမယ်ဆိုတဲ့ သတင်းကိုလည်း ခြေဖျက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က သတင်းထဲမှာတော့ Honor 20 Pro ဟာ Camera-hole ကို အသုံးပြုလာမယ်လို့ ပါဝင်ခဲ့ပေမယ့် ယခုပုံတွေအရ မဟုတ်ကြောင်း သိခွင့်ရခဲ့ပါပြီ။ အဲ့ဒီတုန်းက ထွက်လာခဲ့တဲ့ ပုံတွေထဲမှာ ဘယ်ဘက်အပေါ်ထောင့်မှာ Camera-hole တစ်ခု ထင်ရှားစွာ ပါဝင်ခဲ့တာပါ။ အခု Promo ဓါတ်ပုံတွေမှာတော့ လုံးဝမပါလာတဲ့ Render ဒီဇိုင်းကို တွေ့ရပါတယ်။

ဖြစ်နိုင်တာတစ်ခုကတော့ Pro မဟုတ်တဲ့ Honor 20 ဟန်းဆက်မှာ Camera-hole ကိုအသုံးပြုလာပြီး Pro ဗားရှင်းမှာတော့ Pop-up ဆယ်ဖီလိုမျိုး တစ်စုံတစ်ခုကို သုံးစွဲလာမယ်လို့ ယူဆရပါတယ်။ လာမယ့် နှစ်ပတ်အကြာမှာ Honor 20 Pro ကို မိတ်ဆက်လာတော့မှာဖြစ်လို့ သိပ်စောင့်ရမှာ မဟုတ်ပါဘူး။

Honor 20 Pro ဖုန်းဟာ နောက်ကျောမှာ ကင်မရာလေးလုံးတွဲနဲ့ ပွဲထွက်လာမယ်လို့ သတင်းထွက်ထားပြီး 40MP အဓိက ကင်မရာ၊ Ultra-wide ကင်မရာ၊ 5x Periscope တစ်ခုနဲ့ 3D ToF တစ်လုံးတို့ ဖြစ်ပါတယ်။ Honor 20 ဖုန်းမှာ 6.1” လက်မအရွယ် Display ပါလာမယ်လို့ ဆိုထားတာကြောင့် Honor 20 Pro ကတော့ ပိုကြီးတဲ့ Screen ကိုသုံးလာမှာပါ။ အတွင်းမှာ Kirin 980 ချစ်ပ်ဆက်ကို 8GB RAM နဲ့တွဲထားပါတယ်။

Ref – GSM Arena