Zawgyi

Honor 20 စီးရီး စမတ္ဖုန္းအသစ္ေတြကို ကမာၻ႕ေစ်းကြက္သုိ႔ မိတ္ဆက္ေပးခဲ့တာ ေမလ ၂၁ ရက္ေန႔ ထဲကပါ။ ဒါေပမယ့္ တရုတ္ျပည္တြင္းေစ်းကြက္ကေတာ့ Honor 20 ဟန္းဆက္သစ္ေတြကို အခုခ်ိန္ထိ မျမင္ရေသးပါဘူး။

ယေန႔မွာ တရုတ္ျပည္တြင္း Database ျဖစ္တဲ့ TENAA ေပၚသုိ႔ YAL-AL00 နဲ႔ YAL-AL10 အမည္ရ စမတ္ဖုန္းႏွစ္လုံး ေရာက္ရွိလာခဲ့ၿပီး အဆုိပါဖုန္းေတြဟာ Honor 20 နဲ႔ Honor 20 Pro တုိ႔နဲ႔ Specs အမ်ားစု တူညီေနပါတယ္။ သုိ႔ေသာ္လည္း Honor 20 Pro လို႔ယူဆရတဲ့ ဟန္းဆက္ရဲ႕ မန္မုိရီပုိင္းမွာေတာ့ 12 GB RAM နဲ႔ပြဲထြက္လာတာကို ျမင္ရၿပီး တရုတ္ျပည္တြင္းမွာသာ ရရွိႏုိင္မယ့္ Feature လုိ႔လည္း ယူဆရပါတယ္။

Honor 20 ဟာလည္း 8GB RAM နဲ႔ 256GB Storage တုိ႔ျဖင့္ ပြဲထြက္လာတဲ့အတြက္ ကမာၻ႕ေစ်းကြက္မွာ 6 / 128GB ဗားရွင္းတစ္မ်ဳိးတည္း ရရွိႏုိင္တာနဲ႔ ေတာ္ေတာ္ေလး ကြာျခားေနျပန္ပါတယ္။ က်န္တဲ့ အရြယ္အစား၊ ဘကၳရီ၊ Display စတဲ့ Specs ေတြကေတာ့ ရုိးရုိးနဲ႔ Pro ဗားရွင္းႏွစ္မ်ဳိးစလုံး ျပည္တြင္းျပည္ပေစ်းကြက္မွာ အတူတူပါပဲ။ ဖုန္းႏွစ္ခုလုံးမွာ ေနာက္ဆုံးေပၚ Kirin 980 ခ်စ္ပ္ဆက္၊ Android 9 Pie ကို အေျခခံထားတဲ့ EMUI 9.1 တုိ႔ ပါဝင္လာပါတယ္။

Honor အမႈေဆာင္အရာရွိခ်ဳပ္ George Zhao ကေတာ့ ဒီဖုန္းေတြဟာ မၾကာခင္ထြက္လာေတာ့မယ္လို႔ ဆုိခဲ့ေသာ္လည္း ရက္စြဲအတိအက်ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားမႈ မရွိေသးပါဘူး။

Ref – GSM Arena

Unicode

Honor 20 စီးရီး စမတ်ဖုန်းအသစ်တွေကို ကမ္ဘာ့ဈေးကွက်သို့ မိတ်ဆက်ပေးခဲ့တာ မေလ ၂၁ ရက်နေ့ ထဲကပါ။ ဒါပေမယ့် တရုတ်ပြည်တွင်းဈေးကွက်ကတော့ Honor 20 ဟန်းဆက်သစ်တွေကို အခုချိန်ထိ မမြင်ရသေးပါဘူး။

ယနေ့မှာ တရုတ်ပြည်တွင်း Database ဖြစ်တဲ့ TENAA ပေါ်သို့ YAL-AL00 နဲ့ YAL-AL10 အမည်ရ စမတ်ဖုန်းနှစ်လုံး ရောက်ရှိလာခဲ့ပြီး အဆိုပါဖုန်းတွေဟာ Honor 20 နဲ့ Honor 20 Pro တို့နဲ့ Specs အများစု တူညီနေပါတယ်။ သို့သော်လည်း Honor 20 Pro လို့ယူဆရတဲ့ ဟန်းဆက်ရဲ့ မန်မိုရီပိုင်းမှာတော့ 12 GB RAM နဲ့ပွဲထွက်လာတာကို မြင်ရပြီး တရုတ်ပြည်တွင်းမှာသာ ရရှိနိုင်မယ့် Feature လို့လည်း ယူဆရပါတယ်။

Honor 20 ဟာလည်း 8GB RAM နဲ့ 256GB Storage တို့ဖြင့် ပွဲထွက်လာတဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ 6 / 128GB ဗားရှင်းတစ်မျိုးတည်း ရရှိနိုင်တာနဲ့ တော်တော်လေး ကွာခြားနေပြန်ပါတယ်။ ကျန်တဲ့ အရွယ်အစား၊ ဘက္ထရီ၊ Display စတဲ့ Specs တွေကတော့ ရိုးရိုးနဲ့ Pro ဗားရှင်းနှစ်မျိုးစလုံး ပြည်တွင်းပြည်ပဈေးကွက်မှာ အတူတူပါပဲ။ ဖုန်းနှစ်ခုလုံးမှာ နောက်ဆုံးပေါ် Kirin 980 ချစ်ပ်ဆက်၊ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.1 တို့ ပါဝင်လာပါတယ်။

Honor အမှုဆောင်အရာရှိချုပ် George Zhao ကတော့ ဒီဖုန်းတွေဟာ မကြာခင်ထွက်လာတော့မယ်လို့ ဆိုခဲ့သော်လည်း ရက်စွဲအတိအကျကိုတော့ ထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။

Ref – GSM Arena