[Zawgyi]

Honor View 20 ဟာ ႏိုင္ငံတကာေဈးကြက္မွာ ပထမဆုံး ေရာင္းခ်တဲ့ တစ္လအတြင္း အလုံးေရ သန္းေပါင္း ၁.၅ သန္းေက်ာ္ ေရာင္းခ်ခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့တဲ့ စမတ္ဖုန္းပဲ ျဖစ္ပါတယ္။ Huawei ရဲ႕ အမွတ္တံဆိပ္ခြဲ တစ္ခုျဖစ္တဲ့ Honor ဟာ Honor View 20 ရဲ႕ ေအာင္ျမင္မႈနဲ႔ မေက်နပ္ေသးဘူးလို႔လည္း သိရပါတယ္။

တ႐ုတ္စမတ္ဖုန္းထုတ္လုပ္မႈနယ္ပယ္ထဲက ထြက္ေပၚလာတဲ့ ေကာလာဟလ သတင္းတစ္ခုအရ ကုမၸဏီဟာ Honor 20 Pro အမည္နဲ႔ ေနာက္ထပ္ Flagship တစ္လုံးကို ထပ္ထုတ္ဖို႔ လႈပ္ရွားေနၾကတယ္လို႔ သိရပါတယ္။ Honor 20 Pro မွာေတာ့ Sony IMX600 ကင္မရာဆင္ဆာသစ္ကို အသုံးျပဳထားမယ္လို႔ သိရၿပီး ဧၿပီလ ၂၅ ရက္ေန႔မွာပဲ မိတ္ဆက္လာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Honor 20 Pro ဟာ 6.1-inch OLED panel နဲ႔ျဖစ္ၿပီး Under display fingerprint scanner နဲ႔လည္း ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ တ႐ုတ္ျပည္ပေဈးကြက္ကို Honor ရဲ႕ UD fingerprint ဖုန္းေတြေျခလွမ္းစတင္ၿပီလို႔လည္း ေျပာႏိုင္ပါတယ္။ (Honor Magic 2 မွာလည္း UD fingerprint ပါဝင္ေပမယ့္ တ႐ုတ္ျပည္တြင္း ေဈးကြက္သီးသန႔္ပဲ ျဖစ္ပါတယ္။)

Honor 20 Pro မွာ Kirin 980 Chipset အသုံးျပဳထားတယ္လို႔ ဆိုပါတယ္။ တြဲဖက္ထားတဲ့ RAM နဲ႔ ROM ေတြကေတာ့ 6/128GB, 8/128GB နဲ႔ 8/256GB ေတြ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီစမတ္ဖုန္းကို Pro လို႔ နာမည္ေပးရတဲ့ အေၾကာင္းရင္းထဲမွာ ကင္မရာေတြက Honor View 20 ထက္ပိုေကာင္းတာေၾကာင့္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Honor 20 Pro ဟာ Huawei P 30 Pro လိုပဲ 40MP ကင္မရာ ပါဝင္လာမယ္လို႔ သတင္းရင္းျမစ္က အခိုင္အမာ ေျပာဆိုခဲ့ေၾကာင္းလည္း သိရပါတယ္။ အဓိက ကင္မရာဟာ 20 MP ultra-wide-angle ကင္မရာ၊ 3x optical zoom ပါဝင္တဲ့ 8 MP telephoto lens တို႔နဲ႔အတူ တြဲဖက္ထားတယ္လို႔လည္း ဆိုပါတယ္။

ေဈးႏႈန္းကေတာ့ CNY2,299 ($450) ျမန္မာေငြ ၆ သိန္း ၈ ေသာင္း ထက္ေလ်ာ့နည္းဖြယ္ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။ အကယ္၍ ဒီေကာလာဟလကသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Honor 20 Pro ဟာ အေတာ္ေလးကို ေဈးတန္တဲ့ ဖုန္းတစ္လုံးလို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ဧပြီလ ၂၅ ရက်နေ့မှာ Sony IMX600 sensor နဲ့ Honor 20 Pro ကို မိတ်ဆက်လာဖွယ်ရှိ

Honor View 20 ဟာ နိုင်ငံတကာဈေးကွက်မှာ ပထမဆုံး ရောင်းချတဲ့ တစ်လအတွင်း အလုံးရေ သန်းပေါင်း ၁.၅ သန်းကျော် ရောင်းချခဲ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ Huawei ရဲ့ အမှတ်တံဆိပ်ခွဲ တစ်ခုဖြစ်တဲ့ Honor ဟာ Honor View 20 ရဲ့ အောင်မြင်မှုနဲ့ မကျေနပ်သေးဘူးလို့လည်း သိရပါတယ်။

တရုတ်စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ထဲက ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းတစ်ခုအရ ကုမ္ပဏီဟာ Honor 20 Pro အမည်နဲ့ နောက်ထပ် Flagship တစ်လုံးကို ထပ်ထုတ်ဖို့ လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။ Honor 20 Pro မှာတော့ Sony IMX600 ကင်မရာဆင်ဆာသစ်ကို အသုံးပြုထားမယ်လို့ သိရပြီး ဧပြီလ ၂၅ ရက်နေ့မှာပဲ မိတ်ဆက်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Honor 20 Pro ဟာ 6.1-inch OLED panel နဲ့ဖြစ်ပြီး Under display fingerprint scanner နဲ့လည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တရုတ်ပြည်ပဈေးကွက်ကို Honor ရဲ့ UD fingerprint ဖုန်းတွေခြေလှမ်းစတင်ပြီလို့လည်း ပြောနိုင်ပါတယ်။ (Honor Magic 2 မှာလည်း UD fingerprint ပါဝင်ပေမယ့် တရုတ်ပြည်တွင်း ဈေးကွက်သီးသန့်ပဲ ဖြစ်ပါတယ်။)

Honor 20 Pro မှာ Kirin 980 Chipset အသုံးပြုထားတယ်လို့ ဆိုပါတယ်။ တွဲဖက်ထားတဲ့ RAM နဲ့ ROM တွေကတော့ 6/128GB, 8/128GB နဲ့ 8/256GB တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီစမတ်ဖုန်းကို Pro လို့ နာမည်ပေးရတဲ့ အကြောင်းရင်းထဲမှာ ကင်မရာတွေက Honor View 20 ထက်ပိုကောင်းတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

Honor 20 Pro ဟာ Huawei P 30 Pro လိုပဲ 40MP ကင်မရာ ပါဝင်လာမယ်လို့ သတင်းရင်းမြစ်က အခိုင်အမာ ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ အဓိက ကင်မရာဟာ 20 MP ultra-wide-angle ကင်မရာ၊ 3x optical zoom ပါဝင်တဲ့ 8 MP telephoto lens တို့နဲ့အတူ တွဲဖက်ထားတယ်လို့လည်း ဆိုပါတယ်။

ဈေးနှုန်းကတော့ CNY2,299 ($450) မြန်မာငွေ ၆ သိန်း ၈ သောင်း ထက်လျော့နည်းဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။ အကယ်၍ ဒီကောလာဟလကသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ Honor 20 Pro ဟာ အတော်လေးကို ဈေးတန်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: GSMArena