[Zawgyi]

Honor 20i စမတ္ဖုန္းသစ္ဟာ တရုတ္ျပည္တြင္းမွာ Honor 20 စီးရီးဝင္ ဖုန္းအျဖစ္ တရားဝင္ မိတ္ဆက္လာခဲ့ပါၿပီ။ Mid-range တန္း စမတ္ဖုန္းသစ္မွာ ကင္မရာပုိင္းကို အထူးျပင္ဆင္ပြဲထြက္လာခဲ့တယ္။ တရုတ္အေျခစိုက္ကုမၸဏီက 20i ဖုန္းအသစ္အျပင္ Honor MagicBook 2019 လက္ပ္ေတာ့ကိုပါ မိတ္ဆက္ခဲ့ပါေသးတယ္။

Honor 20i မွာ Waterdrop Notch တစ္ခုပါဝင္တဲ့ 6.21” IPS LCD Display အသုံးျပဳထားတယ္။ Full HD+ Resolution ကိုယူေဆာင္လာတဲ့ Screen ဟာ 19.5:9 ျမင္ကြင္းအခ်ဳိးရွိၿပီး Screen-to-body အခ်ဳိးက 90% ေက်ာ္ပါတယ္။

ေရွ႕ဘက္မွာ ဆယ္ဖီရုိက္ဖို႔ 32MP စြမ္းအားျမင့္ကင္မရာတစ္လုံး ပါဝင္ၿပီး ေနာက္ဘက္မွာ 24MP + 8MP + 2MP ကင္မရာသုံးလုံးတြဲ ထည့္ထားတယ္။ Android 9 Pie ကိုအေျခခံထားတဲ့ EMUI 9 အသုံးျပဳရမွာျဖစ္ကာ ဘကၳရီက 3,400 mAh ျဖစ္ပါတယ္။

အတြင္းမွာေတာ့ Kirin 710 ခ်စ္ပ္ဆက္ကို သုံးစြဲထားၿပီး အနိမ့္ဆုံးမန္မိုရီက 6GB RAM / 64GB Storage ဗားရွင္းပါ။ ထူးထူးျခားျခား ဒုတိယဗားရွင္းက 4GB RAM / 128GB Storage ျဖစ္လို႔ မန္မုိရီႏွစ္မ်ဳိးကို ကိုယ္ၾကိဳက္ရာ ေရြးခ်ယ္ႏုိင္မယ့္ သေဘာျဖစ္ေနတယ္။ ႏွစ္မ်ဳိးလုံးကေတာ့ ေစ်းႏႈန္းအတူတူပဲ ျဖစ္ေနၿပီး တရုတ္ယြမ္ေငြ ၁,၅၉၉ (ျမန္မာေငြ သုံးသိန္းေျခာက္ေသာင္းေက်ာ္) က်သင့္မွာပါ။

အျမင့္ဆုံးေမာ္ဒယ္က 6 / 256 GB ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၃၂၉ (ျမန္မာေငြ ငါးသိန္းဝန္းက်င္) သာ က်သင့္ပါတယ္။ ဒါေပမယ့္ တရုတ္ျပည္တြင္းေစ်းႏႈန္းသာျဖစ္ၿပီး ႏုိင္ငံတကာေစ်းကြက္ကို ဘယ္ေစ်းႏႈန္းနဲ႔ သတ္မွတ္လာမလဲ မသိရေသးပါဘူး။ Honor 20i ဖုန္းဟာ Black, Gradient Blue နဲ႔ Gradient Red ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ထြက္လာမွာပါ။

Ref – GSM Arena

[Unicode]

Honor 20i စမတ်ဖုန်းသစ်ဟာ တရုတ်ပြည်တွင်းမှာ Honor 20 စီးရီးဝင် ဖုန်းအဖြစ် တရားဝင် မိတ်ဆက်လာခဲ့ပါပြီ။ Mid-range တန်း စမတ်ဖုန်းသစ်မှာ ကင်မရာပိုင်းကို အထူးပြင်ဆင်ပွဲထွက်လာခဲ့တယ်။ တရုတ်အခြေစိုက်ကုမ္ပဏီက 20i ဖုန်းအသစ်အပြင် Honor MagicBook 2019 လက်ပ်တော့ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

Honor 20i မှာ Waterdrop Notch တစ်ခုပါဝင်တဲ့ 6.21” IPS LCD Display အသုံးပြုထားတယ်။ Full HD+ Resolution ကိုယူဆောင်လာတဲ့ Screen ဟာ 19.5:9 မြင်ကွင်းအချိုးရှိပြီး Screen-to-body အချိုးက 90% ကျော်ပါတယ်။

ရှေ့ဘက်မှာ ဆယ်ဖီရိုက်ဖို့ 32MP စွမ်းအားမြင့်ကင်မရာတစ်လုံး ပါဝင်ပြီး နောက်ဘက်မှာ 24MP + 8MP + 2MP ကင်မရာသုံးလုံးတွဲ ထည့်ထားတယ်။ Android 9 Pie ကိုအခြေခံထားတဲ့ EMUI 9 အသုံးပြုရမှာဖြစ်ကာ ဘက္ထရီက 3,400 mAh ဖြစ်ပါတယ်။

အတွင်းမှာတော့ Kirin 710 ချစ်ပ်ဆက်ကို သုံးစွဲထားပြီး အနိမ့်ဆုံးမန်မိုရီက 6GB RAM / 64GB Storage ဗားရှင်းပါ။ ထူးထူးခြားခြား ဒုတိယဗားရှင်းက 4GB RAM / 128GB Storage ဖြစ်လို့ မန်မိုရီနှစ်မျိုးကို ကိုယ်ကြိုက်ရာ ရွေးချယ်နိုင်မယ့် သဘောဖြစ်နေတယ်။ နှစ်မျိုးလုံးကတော့ ဈေးနှုန်းအတူတူပဲ ဖြစ်နေပြီး တရုတ်ယွမ်ငွေ ၁,၅၉၉ (မြန်မာငွေ သုံးသိန်းခြောက်သောင်းကျော်) ကျသင့်မှာပါ။

အမြင့်ဆုံးမော်ဒယ်က 6 / 256 GB ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၂၉ (မြန်မာငွေ ငါးသိန်းဝန်းကျင်) သာ ကျသင့်ပါတယ်။ ဒါပေမယ့် တရုတ်ပြည်တွင်းဈေးနှုန်းသာဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကို ဘယ်ဈေးနှုန်းနဲ့ သတ်မှတ်လာမလဲ မသိရသေးပါဘူး။ Honor 20i ဖုန်းဟာ Black, Gradient Blue နဲ့ Gradient Red ဆိုပြီး အရောင်သုံးမျိုးနဲ့ ထွက်လာမှာပါ။

Ref – GSM Arena