Zawgyi
Ref – Gizmo China
Unicode
Honor 20s စမတ်ဖုန်းကို ရုရှားဈေးကွက်မှာ စတင်ရောင်းချလာခဲ့ပေမယ့် တရုတ်နိုင်ငံတွင်းမှာ တွေ့ခဲ့ရတဲ့ Honor 20s နဲ့များစွာကွာခြားနေတာကို တွေ့ရပါတယ်။ ရုရှားဈေးကွက်ကို ဝင်လာတဲ့ ဖုန်းမှာ Punch-hole နဲ့ LCD Display အစား Waterdrop Notch ကို အသုံးပြုလာခဲ့တာပါ။
တရုတ်မော်ဒယ်မှာ ဖုန်းရဲ့ဘေးဘက်မှာနေရာယူထားတဲ့ Fingerprint ကိုလည်း ဥရောပဗားရှင်းမှာတော့ နောက်ကျောကိုရောက်နေတာ မြင်ရပါတယ်။ နောက်ထပ်အကြီးဆုံးကွာခြားချက်တစ်ခုကတော့ တရုတ်ပြည်တွင်းမှာ အသစ်စက်စက် Kirin 810 ချစ်ပ်ဆက်နဲ့ရောင်းချခဲ့ပေမယ့် ဥရောပဗားရှင်းမှာ Kirin 710 ကိုသာ အသုံးပြုထားတာပါ။
ရုရှားဈေးကွက်ဟာ ဈေးချိုဖုန်းတွေအသားပေးကြတဲ့ ဈေးကွက်ဖြစ်တာကြောင့်လည်း အခုလိုလျှော့ချပြီး ထွက်ရှိလာတာဖြစ်နိုင်ပါသေးတယ်။ Honor 20S (MAR-LX1H) မှာ 6.15” လက်မအရွယ် FHD+ Display တစ်ခုပါဝင်ပြီး Eye Comfort Mode နဲ့ပါ။ Kirin 710 ပရိုဆက်ဆာကို 6GB RAM / 128GB Storage မန်မိုရီတို့နဲ့တွဲဖက်ထားပါတယ်။
တူညီတာကတော့ ဖုန်းရဲ့နောက်ဖက်ကင်မရာပဲဖြစ်ပြီး Triple-camera Setup ကိုပဲမြင်ရပါတယ်။ အဓိက Sensor က 48MP f/1.8 ဖြစ်ပြီး 8MP Ultrawide နဲ့ 2MP Macro ကင်မရာေတွေနဲ့ တွဲဖက်ထားပါတယ်။ ရှေ့ဘက် 24MP f/2.0 Selfie ကင်မရာမှာ အလင်းရောင်နည်းတဲ့နေရာတွေမှာရိုက်နိုင်ဖို့ ကိုယ်ပိုင် Night Mode သက်သက်ပါဝင်တယ်။ ဘက္ထရီက 3,340 mAh ဖြစ်ပြီး Honor SuperCharge 18W အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။ စက်နှင်စနစ်ကို Android 9 Pie ကို အခြေခံထားတဲ့ Magic UI 2.1.0 ထည့်သွင်းထားတယ်။
Honor 20s ဟာ Midnight Black, Ice White နဲ့ Blue Violet အရောင်သုံးမျိုးနဲ့ထွက်ရှိလာကာ ရုရှားရူဘယ် ၂၁၉၉၀ (မြန်မာငွေငါးသိန်းနှစ်သောင်းနီးပါး) သတ်မှတ်ထားပါတယ်။ အခြားနိုင်ငံတကာဈေးကွက်တွေကိုလည်း လာမယ့်ရက်ပိုင်းအတွင်း ဝင်ရောက်လာမယ်လို့ ယူဆရပြီး ကွာခြားမှုတွေရှိဦးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။
Ref – Gizmo China