[Zawgyi]

Honor 20s ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၄ ရက္ေန႔တုန္းက တရားဝင္ မိတ္ဆက္ခဲ့တာပါ။ Honor 20 နဲ႔ အကုန္လုံးနီးပါး တူညီၿပီး Chipset နဲ႔ ကင္မရာပိုင္းပဲ ကြဲျပားျခားနားတယ္လို႔ ဆိုရမွာပါ။ ဒီအတြက္ Honor 20s ရဲ႕ ေဈးႏႈန္းကလည္း Honor 20 ထက္ ပိုၿပီးေလွ်ာ့နည္းခဲ့ပါတယ္။

မၾကာခင္ရက္ပိုင္းကပဲ Honor 20 Series မွာ လိေမၼာ္ေရာင္ အမ်ိဳးအစား ထြက္လာႏိုင္တယ္လို႔ သတင္းပ်ံ႕ခဲ့ပါတယ္။ Google Pixel 4 မွာ လိေမၼာ္ေရာင္ဗားရွင္းကို ျမင္ေတြ႕ၾကရၿပီးတဲ့ေနာက္ Honor 20s ကိုလည္း လိေမၼာ္ေရာင္ေလးနဲ႔ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မူလအေရာင္ေတြျဖစ္တဲ့ Blue, White နဲ႔ Black gradients ေတြပါေပါင္းလိုက္ရင္ စုစုေပါင္း အေရာင္ ေလးမ်ိဳးျဖစ္သြားပါၿပီ။

Honor 20s လိေမၼာ္ေရာင္ကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ ၁ ရက္ေန႔မွာ တရားဝင္ရရွိမယ္လို႔လည္း သိရပါတယ္။ အခုလက္ရွိ ပ်ံ႕ႏွံ႔ေနတဲ့ Teaser ပုံေတြအရ Honor 20s ရဲ႕ လိေမၼာ္ေရာင္ဟာ Huawei Mate 30 ရဲ႕ Vegan Leather Orange နဲ႔ဆင္တယ္လို႔ ဆိုရပါလိမ့္မယ္။

Honor 20s ဟာ Kirin 810 SoC နဲ႔ျဖစ္ၿပီး 3,750mAh ဘက္ထရီပမာဏကို တပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးမွာ အဓိကကင္မရာက 48MP ျဖစ္ၿပီး 8MP ultrawide နဲ႔ 2MP macro ကင္မရာႏွစ္လုံးက ဝန္းရံေပးထားတာပါ။ Fingerprint ကေတာ့ ေဘးဘက္မွာ တပ္ဆင္ေပးထားပါတယ္။

Ref: GSM Arena

[Unicode]

Honor 20s လိမ္မော်ရောင်ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်မယ်

Honor 20s ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့တုန်းက တရားဝင် မိတ်ဆက်ခဲ့တာပါ။ Honor 20 နဲ့ အကုန်လုံးနီးပါး တူညီပြီး Chipset နဲ့ ကင်မရာပိုင်းပဲ ကွဲပြားခြားနားတယ်လို့ ဆိုရမှာပါ။ ဒီအတွက် Honor 20s ရဲ့ ဈေးနှုန်းကလည်း Honor 20 ထက် ပိုပြီးလျှော့နည်းခဲ့ပါတယ်။

မကြာခင်ရက်ပိုင်းကပဲ Honor 20 Series မှာ လိမ္မော်ရောင် အမျိုးအစား ထွက်လာနိုင်တယ်လို့ သတင်းပျံ့ခဲ့ပါတယ်။ Google Pixel 4 မှာ လိမ္မော်ရောင်ဗားရှင်းကို မြင်တွေ့ကြရပြီးတဲ့နောက် Honor 20s ကိုလည်း လိမ္မော်ရောင်လေးနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မူလအရောင်တွေဖြစ်တဲ့ Blue, White နဲ့ Black gradients တွေပါပေါင်းလိုက်ရင် စုစုပေါင်း အရောင် လေးမျိုးဖြစ်သွားပါပြီ။

Honor 20s လိမ္မော်ရောင်ကိုတော့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ တရားဝင်ရရှိမယ်လို့လည်း သိရပါတယ်။ အခုလက်ရှိ ပျံ့နှံ့နေတဲ့ Teaser ပုံတွေအရ Honor 20s ရဲ့ လိမ္မော်ရောင်ဟာ Huawei Mate 30 ရဲ့ Vegan Leather Orange နဲ့ဆင်တယ်လို့ ဆိုရပါလိမ့်မယ်။

Honor 20s ဟာ Kirin 810 SoC နဲ့ဖြစ်ပြီး 3,750mAh ဘက်ထရီပမာဏကို တပ်ဆင်ပေးထားပါတယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကကင်မရာက 48MP ဖြစ်ပြီး 8MP ultrawide နဲ့ 2MP macro ကင်မရာနှစ်လုံးက ဝန်းရံပေးထားတာပါ။ Fingerprint ကတော့ ဘေးဘက်မှာ တပ်ဆင်ပေးထားပါတယ်။

Ref: GSM Arena