Zawgyi

Honor 20S ကို တရားဝင္မိတ္ဆက္လိုက္ပါၿပီ။ ဒီဖုန္းဟာ မူရင္း Honor 20 အတုိင္းပဲျဖစ္ၿပီး ခ်စ္ပ္ဆက္နဲ႔ ကင္မရာမွာသာ အေျပာင္းအလဲလုပ္ထားပါတယ္။ ေနာက္ထပ္သိသာတဲ့အခ်က္ကေတာ့ သိသာစြာ ခ်ဳိသာတဲ့ေစ်းႏႈန္းပါ။

20S ရဲ႕အတြင္းပုိင္းမွာ Kirin 980 အစား Kirin 810 ကိုအသုံးျပဳလာၿပီး ႏွစ္ခုစလုံးက 7nm တည္ေဆာက္ပုံ အေျခခံခ်စ္ပ္ေတြပါပဲ။ အဓိကကြာျခားခ်က္က Mali-G76 MP10 ကေန Mali-G52 MP6 ကို ႏွိမ့္ခ်ထားတာျဖစ္ပါတယ္။ မန္မုိရီပုိင္းမွာ 128GB Storage တစ္မ်ဳိးတည္းကို 6GB / 8GB RAM ႏွစ္မ်ဳိးေရြးခ်ယ္ႏုိင္မွာျဖစ္ကာ MicroSD Slot ေတာ့ မပါလာပါဘူး။

ေနာက္ဘက္မွာ 48MP f/1.8 အဓိက Sensor ဦးေဆာင္တဲ့ ကင္မရာသုံးလုံးပါဝင္ၿပီး ခ်စ္ပ္ဆက္ အေျပာင္းအလဲေၾကာင့္ သူလည္း 4K Video ရုိက္ကူးႏုိင္စြမ္းမပါလာေတာ့ပါဘူး။ က်န္တာက 8MP Ultra-wide-angle ကင္မရာနဲ႔ 2MP Dedicated Macro ကင္မရာတစ္လုံးတုိ႔ျဖစ္ပါတယ္။ Honor 20 မွာပါတဲ့ 2MP Depth Sensor ကိုလည္း မထည့္သြင္းဘဲ ဝိတ္ေလွ်ာ့ထားပါတယ္။ ေရွ႕ဘက္မွာေတာ့ 32MP Selfie ကင္မရာကို Punch-hole ထဲမွာ ထည့္သြင္းထားပါတယ္။

Honor 20S ရဲ႕ေရွ႕ဘက္မွာ 6.26” လက္မအရြယ္ IPS LCD Display တစ္ခုပါဝင္ကာ 1080p+ Resolution ကိုေပးစြမ္းႏုိင္မွာပါ။ Fingerprint ကို ဖုန္းရဲ႕ေဘးဘက္မွာ ထည့္သြင္းလာပါတယ္။ ဘကၳရီက 3,750 mAh ျဖစ္ၿပီး 20W အားအျမန္သြင္းစနစ္ပါဝင္ပါတယ္။

Honor 20S ဟာလက္ရွိမွာ အႀကိဳအမွာစာေကာက္ခံေနၿပီျဖစ္ၿပီး ရက္ပုိင္းအတြင္း တရုတ္ျပည္တြင္းမွာ စတင္ေရာင္းခ်လာေတာ့မွာပါ။ သူ႕ရဲ႕ေစ်းႏႈန္းက 6GB RAM ေမာ္ဒယ္အတြက္ တရုတ္ယြမ္ ၁၉၀၀ (ျမန္မာေငြေလးသိန္းဝန္းက်င္) ျဖစ္ၿပီး 8GB ဆုိရင္ေတာ့ ယြမ္ ၂၂၀၀ (ျမန္မာေငြ ေလးသိန္းခုနစ္ေသာင္း) က်သင့္မွာပါ။

Ref – GSM Arena

Unicode

Honor 20S ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းဟာ မူရင်း Honor 20 အတိုင်းပဲဖြစ်ပြီး ချစ်ပ်ဆက်နဲ့ ကင်မရာမှာသာ အပြောင်းအလဲလုပ်ထားပါတယ်။ နောက်ထပ်သိသာတဲ့အချက်ကတော့ သိသာစွာ ချိုသာတဲ့ဈေးနှုန်းပါ။

20S ရဲ့အတွင်းပိုင်းမှာ Kirin 980 အစား Kirin 810 ကိုအသုံးပြုလာပြီး နှစ်ခုစလုံးက 7nm တည်ဆောက်ပုံ အခြေခံချစ်ပ်တွေပါပဲ။ အဓိကကွာခြားချက်က Mali-G76 MP10 ကနေ Mali-G52 MP6 ကို နှိမ့်ချထားတာဖြစ်ပါတယ်။ မန်မိုရီပိုင်းမှာ 128GB Storage တစ်မျိုးတည်းကို 6GB / 8GB RAM နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ကာ MicroSD Slot တော့ မပါလာပါဘူး။

နောက်ဘက်မှာ 48MP f/1.8 အဓိက Sensor ဦးဆောင်တဲ့ ကင်မရာသုံးလုံးပါဝင်ပြီး ချစ်ပ်ဆက် အပြောင်းအလဲကြောင့် သူလည်း 4K Video ရိုက်ကူးနိုင်စွမ်းမပါလာတော့ပါဘူး။ ကျန်တာက 8MP Ultra-wide-angle ကင်မရာနဲ့ 2MP Dedicated Macro ကင်မရာတစ်လုံးတို့ဖြစ်ပါတယ်။ Honor 20 မှာပါတဲ့ 2MP Depth Sensor ကိုလည်း မထည့်သွင်းဘဲ ဝိတ်လျှော့ထားပါတယ်။ ရှေ့ဘက်မှာတော့ 32MP Selfie ကင်မရာကို Punch-hole ထဲမှာ ထည့်သွင်းထားပါတယ်။

Honor 20S ရဲ့ရှေ့ဘက်မှာ 6.26” လက်မအရွယ် IPS LCD Display တစ်ခုပါဝင်ကာ 1080p+ Resolution ကိုပေးစွမ်းနိုင်မှာပါ။ Fingerprint ကို ဖုန်းရဲ့ဘေးဘက်မှာ ထည့်သွင်းလာပါတယ်။ ဘက္ထရီက 3,750 mAh ဖြစ်ပြီး 20W အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။

Honor 20S ဟာလက်ရှိမှာ အကြိုအမှာစာကောက်ခံနေပြီဖြစ်ပြီး ရက်ပိုင်းအတွင်း တရုတ်ပြည်တွင်းမှာ စတင်ရောင်းချလာတော့မှာပါ။ သူ့ရဲ့ဈေးနှုန်းက 6GB RAM မော်ဒယ်အတွက် တရုတ်ယွမ် ၁၉၀၀ (မြန်မာငွေလေးသိန်းဝန်းကျင်) ဖြစ်ပြီး 8GB ဆိုရင်တော့ ယွမ် ၂၂၀၀ (မြန်မာငွေ လေးသိန်းခုနစ်သောင်း) ကျသင့်မှာပါ။

Ref – GSM Arena