Honor က 30, 30 Pro နဲ့ 30 Pro+ တို့ကို ကြေညာလိုက်ပါတယ်။ Honor 30 Pro မှာ ၆.၅၇ လက်မ OLED FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 32MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံးကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 20:9 Aspect Ratio ပါလာပါတယ်။

အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး ကင်မရာ ၃ လုံးပါလာပါတယ်။  40MP Sony IMX600 Main , 8MP Periscope (OIS, 5x Optical , 50x Hybrid Zoom) နဲ့ 16MP Ultrawide (Macro လည်း ရိုက်နိုင်ပါတယ်။) ကင်မရာတွေ ဖြစ်ပါတယ်။ စွမ်းရည်မြင့် Kirin 990 5G Chipset မောင်းနှင်ထားပြီး 8 or 12GB RAM နဲ့ 128 or 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။

40W Wired Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါလာပြီး Android 10 အခြေပြု Magic UI 3.1.0 ထည့်ထားပါတယ်။ ခရမ်း၊ အနက်၊ ငွေနဲ့ အစိမ်းရောင်‌တွေ ထုတ်လုပ်ထားပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ၂၁ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပါတယ်။ 8/128GB ကို ၃,၉၉၉ ယွမ်နဲ့ 8/256GB ကို ၄,၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းနဲ့ ၈ သိန်း ၈ သောင်းလောက် အသီးသီး ရှိပါတယ်။

Ref : gsmarena