[Zawgyi]

Huawei ဟာ IFA 2019 မွာ Kirin 990 ကို ပြဲထုတ္ခဲ့ပါတယ္။ Huawei ကေတာ့ HiSilicon Kirin 990 ဟာ 7nm+ EUV နဲ႔ ကမာၻ႔ပထမဆုံး 5G Chipset လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီ Chipset ဟာ Mate 30-series ေတြမွာ အသုံးျပဳမယ္လို႔ အတည္ျပဳ ေျပာဆိုခဲ့ၿပီး ျဖစ္ပါတယ္။

အခုေတာ့ Huawei ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ကလည္း Kirin 990 ကို သူတို႔ရဲ႕ ထုတ္ကုန္ေတြမွာ ထည့္သြင္းအသုံးျပဳမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ V30 ကို မိတ္ဆက္လာဖို႔ရွိတဲ့အေၾကာင္း Honor ရဲ႕ ဥကၠ႒က ၿပီးခဲ့တဲ့လကတည္းက အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ ဒီဟန္းဆက္ဟာ Kirin 990 နဲ႔ျဖစ္ၿပီး 5G လည္း သုံးလို႔ရမွွာ ျဖစ္ေၾကာင္း ထပ္မံအတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

V30 ဆိုတဲ့အမည္ဟာ တ႐ုတ္ေဈးကြက္အတြက္ထုတ္တဲ့ ဟန္းဆက္ေတြမွာပဲ အသုံးျပဳေလ့ရွိပါတယ္။ ဒီ အမည္နဲ႔ ဟန္းဆက္ေတြဟာ တ႐ုတ္ႏိုင္ငံျပင္ပမွာ ေတြ႕ရေလ့မရွိပါဘူး။ Honor View 30 လို႔ နာမည္ေပးလာဖြယ္ရွိတဲ့ ဒီဟန္းဆက္ကို တ႐ုတ္ႏိုင္ငံတြင္းမွာ အေစာဆုံး မိတ္ဆက္ၿပီးမွ အျခားေဈးကြက္ေတြကို အျခားနာမည္နဲ႔ ျဖန႔္ခ်ိမယ္လို႔ ယူဆရပါတယ္။

Huawei ရဲ႕ Consumer Business Grop ရဲ႕ CEO Richard Yu ကေတာ့ 5G အမ်ိဳးအစား Kirin 990 ဟာ စြမ္းေဆာင္ရည္ပိုင္းနဲ႔ စြမ္းအင္သုံးစြဲမႈပိုင္းေတြအတြက္ အျပည့္အဝ အဆင့္ျမႇင့္တင္ထားတယ္လို႔ ဆိုပါတယ္။ ပ႐ိုဆက္ဆာဟာ 1.25Gbit/s upload rate ရရွိႏိုင္သလို 2.3Gbit/s download rate လည္း ရရွိႏိုင္တယ္လို႔ သိရပါတယ္။ Huawei HiSilicon Kirin 990 ဟာ Balong 5000 modem ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

Honor View 30 မှာ Kirin 990 5G ကိုအသုံးပြုထားမယ်လို့ အတည်ပြု

Huawei ဟာ IFA 2019 မှာ Kirin 990 ကို ပွဲထုတ်ခဲ့ပါတယ်။ Huawei ကတော့ HiSilicon Kirin 990 ဟာ 7nm+ EUV နဲ့ ကမ္ဘာ့ပထမဆုံး 5G Chipset လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ Chipset ဟာ Mate 30-series တွေမှာ အသုံးပြုမယ်လို့ အတည်ပြု ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကလည်း Kirin 990 ကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်းအသုံးပြုမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ V30 ကို မိတ်ဆက်လာဖို့ရှိတဲ့အကြောင်း Honor ရဲ့ ဥက္ကဋ္ဌက ပြီးခဲ့တဲ့လကတည်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒီဟန်းဆက်ဟာ Kirin 990 နဲ့ဖြစ်ပြီး 5G လည်း သုံးလို့ရမှှာ ဖြစ်ကြောင်း ထပ်မံအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

V30 ဆိုတဲ့အမည်ဟာ တရုတ်ဈေးကွက်အတွက်ထုတ်တဲ့ ဟန်းဆက်တွေမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ဒီ အမည်နဲ့ ဟန်းဆက်တွေဟာ တရုတ်နိုင်ငံပြင်ပမှာ တွေ့ရလေ့မရှိပါဘူး။ Honor View 30 လို့ နာမည်ပေးလာဖွယ်ရှိတဲ့ ဒီဟန်းဆက်ကို တရုတ်နိုင်ငံတွင်းမှာ အစောဆုံး မိတ်ဆက်ပြီးမှ အခြားဈေးကွက်တွေကို အခြားနာမည်နဲ့ ဖြန့်ချိမယ်လို့ ယူဆရပါတယ်။

Huawei ရဲ့ Consumer Business Grop ရဲ့ CEO Richard Yu ကတော့ 5G အမျိုးအစား Kirin 990 ဟာ စွမ်းဆောင်ရည်ပိုင်းနဲ့ စွမ်းအင်သုံးစွဲမှုပိုင်းတွေအတွက် အပြည့်အဝ အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ ပရိုဆက်ဆာဟာ 1.25Gbit/s upload rate ရရှိနိုင်သလို 2.3Gbit/s download rate လည်း ရရှိနိုင်တယ်လို့ သိရပါတယ်။ Huawei HiSilicon Kirin 990 ဟာ Balong 5000 modem ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref: GSM Arena