Honor ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် 30 Series ကို  ၁၅ ရက်နေ့မှာ ကြေညာတော့မှာပါ။ အခုလည်း အဲဒီ ဖုန်းတွေရဲ့ Teaser တွေ ထပ်ထွက်လာပြီး သတင်းအချက်အလက်တွေကို ပိုသိလာရပါတယ်။ Honor က စမတ်ဖုန်း ၂ လုံးထက် ပိုပြီး မိတ်ဆက်နိုင်ပါတယ်။

Honor ရဲ့ တရားဝင် ဝီဘို အကောင့်ကနေ Honor 30 Series မှာ 40W Fast Wired Charging နဲ့ Fast Wireless Charging ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ ပို့စ်မှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပေမယ့် Honor 30 Series မှာ Huawei ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ Histen-tuned Stereo Loudspeakers တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Honor 30 နဲ့ 30 Pro အပြင် တတိယမြောက် စမတ်ဖုန်းလည်း ကြေညာနိုင်ပါတယ်။ ကုမ္ပဏီက တရားဝင် ကြေညာတာ မဟုတ်ပေမယ့် အရာရှိ ၁ ယောက်က အရိပ်အမြွက် အသိပေးထားပါတယ်။ Marketing ဌာနရဲ့  ဒုတိယ ဥက္ကဌ က Honor 30 Series တွေကို စောင့်နေကြပြီလားဆိုပြီး Fans တွေကို မေးမြန်းထားတဲ့ ပို့စ်ကို Honor 30 Pro+ 5G ဖုန်းနဲ့ တင်ခဲ့ပါတယ်။

Honor 30 Pro+ 5G ရဲ့ သတင်းကို ဒါ ပထမဆုံး ကြားသိခဲ့ရတာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ သတင်းတွေ ထပ်ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena