Honor 30 ရဲ့ ကင်မရာပိုင်းဟာ Huawei P40 လို Flagship နဲ့ နီးစပ်တယ်လို့ @OnLeaks က ပြောခဲ့တဲ့အချက်ဟာ မှန်ကန်တယ်လို့ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ အခုတစ်ကြိမ် ထပ်ပြီးထွက်ပေါ်လာတဲ့ သတင်းမှာလည်း Honor 30 ရဲ့ ကင်မရာပိုင်းဟာ အတော်လေး ကောင်းမွန်နေတာကို တွေ့မြင်ရလို့ပဲ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းတွေတိုင်းကတော့ ၁၀၀% မမှန်ကြပါဘူး။ သတင်းရင်းမြစ်ပေါ်မူတည်ပြီး ရာခိုင်နှုန်းအတော်များများ မှန်တယ်လို့ပဲ ဆိုရပါမယ်။ အခုထွက်ပေါ်လာတဲ့သတင်းအရ Honor 30 ဟာ 4-in-1 pixel binding နဲ့ 50MP Sony IMX7xx Sensor ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါဟာ P40 နဲ့ တူညီတဲ့ Sensor မဟုတ်ပေမယ့် အဆင့်အတန်းတစ်ခုကို ဖော်ပြနေတာတော့ ငြင်းလို့မရပါဘူး။

၁၀၀% မမှန်နိုင်ဘူးဆိုပေမယ့် ဖော်ပြထားတဲ့အချက်အလက်တွေကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ 1/1.3-inch အရွယ်အစားနဲ့ Sensor ဟာ အထင်ကြီးစရာပါ။ Full-Pixel autofocus ဆိုတဲ့ဝေါဟာရကလည်း Huawei ရဲ့ Octo Pixel autofocus ဆိုတဲ့ ဝေါဟာရနဲ့ ခပ်ဆင်ဆင်ပါပဲ။

သတင်းထွက်ထားတဲ့ ကင်မရာသုံးလုံးမှာ 50MP အဓိကကင်မရာကို 12MP ultra-wide, 3x optical zoom 8MP telephoto ကင်မရာတွေနဲ့ ပေါင်းစပ်ပေးထားတာကို တွေ့ရပါတယ်။ Kirin 820 chipset ကို အသုံးပြုထားပြီး 40W အားသွင်းစနစ်ထောက်ပံ့ပေးထားမယ်လို့လည်း သတင်းထွက်ထားတာကြောင့် တော်တော်လေး မျှော်လင့်လို့ရနိုင်ပါတယ်။

Ref: GSM Arena