Honor 30 Lite လို့ထင်ရတဲ့ Huawei ဖုန်း ၁ လုံး Geekbench မှာ တွေ့လာရပြီး အဲဒီ ဖုန်းရဲ့ အဓိက Specs တွေကို သိလာရပါပြီ။ Geekbench က စာရင်းအရ မော်ဒယ်နံပါတ်ဟာ MXW-AN00 ဖြစ်ပြီး Android 10 နဲ့ 6GB RAM ပါပါတယ်။ MediaTek MT6873 SoC မောင်းနှင်ထားပြီး Dimensity 800 လို့ ထင်ပါတယ်။

Honor 30 Lite မှာ Dimensity 800 Chipset ထည့်ထားမယ်လို့ အရင်ကတည်းက သတင်းထွက်နေတာ ဖြစ်ပြီး အခုတော့ Geekbench က ပိုသေချာအောင် အတည်ပြုပေးလိုက်ပါတယ်။ ၆.၅ လက်မ 90Hz FullHD+ မျက်နှာပြင် တပ်ဆင်ထားပြီး Android 10 အခြေပြု EMUI 10.1 ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 22.5W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်ထားမှာပါ။

Honor 30 Lite မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ကင်မရာတွေက 48MP Main , 8MP နဲ့ 2MP တွေ ဖြစ်မှာပါ။ Honor 30 Lite ဟာ တကယ်တော့ စမတ်ဖုန်း အသစ် မဟုတ်ဘဲ Huawei Enjoy Z 5G ကို မော်ဒယ်ခွဲ ၁ ခု ဖြစ်ပါတယ်။ ဒါပေမယ့် အနောက်ဘက် ဒီဇိုင်းကတော့ မတူပါဘူး။

Ref : gsmarena