Huawei ဟာ လာမယ့် ဇူလိုင်လ ၄ ရက်၊ ဒါမှမဟုတ် ၅ ရက်နေ့လောက်မှာ Honor 30 Youth Edition ကို တရုတ်နိုင်ငံဈေးကွက်အတွက် ပွဲထုတ်လာမယ်လို့ မျှော်လင့်ရပါတယ်။ တစ်ပါတည်းဆိုသလို နိုင်ငံတကာဈေးကွက်အတွက် Honor 30 Lite အဖြစ်နဲ့ ဖြန့်ချိလာဖွယ်ရှိတာပါ။

နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station ကတော့ Honor 30 Lite ရဲ့ Specs တွေကို ထုတ်ဖော်လိုက်ပါပြီ။ ဒါကြောင့် Honor 30 Lite မှာ Dimensity 800 SoC လို့ လူသိများတဲ့ MT6873 ကို အသုံးပြုထားမယ်ဆိုတာလည်း သိလိုက်ရပြီ ဖြစ်ပါတယ်။ 6.5-inch 90Hz မျက်နှာပြင်ဟာ 2400x1080pixel resolution ရှိပြီး Android 10 အခြေခံ EMUI 10.1 မောင်းနှင်ထားမှာပါ။ ဒါပေမယ့် Google Services တော့ ပါဝင်မှာ မဟုတ်ပါဘူး။

ဓါတ်ပုံရိုက်ကူးဖို့အတွက် စုစုပေါင်း ကင်မရာ လေးလုံးတပ်ဆင်ပေးထားပါတယ်။ အ ရှေ့ဘက်မျက်နှာပြင်မှာ 16MP selfie ကင်မရာတစ်လုံးနဲ့ ကျောဘက်မှာတော့ 48MP အဓိကကင်မရာ၊ 8Mp နဲ့ 2MP modules (Ultrawide+macro/depth) တွေ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 4,000mAh ပမာဏဖြစ်ပြီး 22W အားသွင်းစနစ်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

အခုဖော်ပြထားတဲ့ Specs တွေကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ရက်အနည်းငယ်က ထွက်ပေါ်လာတဲ့ Huawei Enjoy 20 Pro ရဲ့ Specs တွေနဲ့ တူနေတာကို တွေ့နိုင်ပါတယ်။ မတူညီတာက အလေးချိန်ဖြစ်ပြီး Honor 30 Lite ကတော့ 129 grams ဖြစ်တာကြောင့် Enjoy 20 Pro က် 10 grams ပိုလေးပါလိမ့်မယ်။ Enjoy 20 Pro ဟာ Huawei enjoy Z 5G ကို နာမည်ပြောင်းထားတာဖြစ်ပြီး တရုတ်ဈေးကွက်မှာ တရားဝင်ဖြန့်ချိတော့မှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena