Honor 30 စီးရီးကို လာမယ့် ဧပြီလ ၁၅ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာပါ။ ဒီစီးရီးမှာ မိသားစုဝင် သုံးမျိုး ပါဝင်လာမယ်ဆိုတာလည်း သိပြီးထားကြဖြစ်ပါလိမ့်မယ်။ Honor 30, the Honor 30 Pro, and the Honor 30 Pro+ စတဲ့ သုံးမျိုးအနက် Honor 30 Pro+ ရဲ့ ဈေးနှုန်းကတော့ ပေါက်ကြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Honor 30 တွေရဲ့ ရုပ်ပုံတွေကိုလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်တွေ့လာရပါပြီ။ ဒါပေမယ့် အခုပေါက်ကြားလာတဲ့ ရုပ်ပုံမှာ Honor 30+ ရဲ့ ဈေးနှုန်းပဲ ပါဝင်လာတာဖြစ်ပါတယ်။ ပိုစတာအရ Honor 30+ ဟာ RAM နဲ့ Storage အရ ရွေးချယ်စရာ အမျိုးအစား သုံးမျိုးရှိနေတာကို သိရပါတယ်။

အခြေခံအမျိုးအစားဖြစ်တဲ့ 8/128GB Honor 30 Pro+ ဟာ CNY 4,999 (€650/INR 54,000) (မြန်မာငွေ ၁၀ သိန်း ဝန်းကျင်) ဖြစ်ပြီး အခြားအမျိုးအစားဖြစ်တဲ့ 8/256GB ကတော့ CNY 5,399 (€700/INR 58,000) (မြန်မာငွေ ၁၀ သိန်း ၈ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ ဒီနှစ်မျိုးစလုံးကို ဧပြီလ ၂၁ ရက်နေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။

Honor 30 Pro+ ရဲ့ အမြင့်ဆုံးလို့ပြောရမယ့် နောက်ထပ် အမျိုးအစားဖြစ်တဲ့ 12/256GB ကတော့ CNY 5,799 (€750/INR 63,000) (မြန်မာငွေ ၁၁ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ဒီအမျိုးအစားကိုတော့ မေလထဲရောက်မှ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ Honor 30 Pro+ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို များများစားစား မသိရသေးပါဘူး။ Honor 30 မှာ 40MP အဓိကကင်မရာနဲ့ Kirin 985 5G chipset သုံးထားပြီး၊ Honor 30 Pro မှာတော့ 50MP Sony IMX700 အဓိကကင်မရာနဲ့ Kirin 990 5G chipset သုံးထားမှာ ဖြစ်ပါတယ်။

Ref: GSM Arena