Honor က 30S ကို ပူပူနွေးနွေး ကြေညာထားပြီးနောက် စွမ်းရည်မြင့် Honor 30 Series ကို ဧပြီလ ၁၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ Honor မျှဝေထားတဲ့ ပိုစတာမှာ နာမည်ကျော် တရုတ် မင်းသား Li Xian က Honor 30 Series  ဖုန်း ၁ လုံးကို ကိုင်ထားတာ မြင်ရပါတယ်။

OnePlus က ဧပြီလ ၁၄ ရက်နေ့မှာ OnePlus 8 Series တွေကို ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းပေးခဲ့ပြီး တရုတ်မှာတော့ ဧပြီလ ၁၆ ရက်နေ့ကျမှ ကြေညာမှာ ဖြစ်ပါတယ်။ OnePlus 8 Series ထဲမှာ OnePlus 8 နဲ့ OnePlus 8 Pro တို့ ပါဝင်မှာ ဖြစ်ပြီး Honor 30 ၊ Honor 30 Pro တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Honor 30 Series တွေရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဒီလ အစောပိုင်းမှာ ဝီဘိုကနေ ပိုစတာ ၁ ခု ပေါက်ကြားလာပြီး Honor 30 Series တွေရဲ့ အနောက်ဘက် ဒီဇိုင်းကို မြင်ရပါတယ်။ Honor 30 Series ရဲ့ အနောက်ဘက်မှာ စက်ဝိုင်းပုံစံ ကင်မရာ ဒီဇိုင်း ပါလာပြီး အပြာ၊ ငွေ၊ ခရမ်းနဲ့ ပန်းရောင် ၄ မျိုးတွေ့ရပါတယ်။

Honor 30 မှာ အနောက်ကင်မရာ ၃ လုံးပါလာမယ်လို့ သတင်းထွက်နေပြီး 50MP Sony IMX7XX Lens, 12MP Ultrawide နဲ့ 8MP Telephoto Lens (3x Optical Zoom) တွေ ဖြစ်နိုင်ပါတယ်။ မကြာခင်ကပဲ Honor 30 Pro ရဲ့  ဓါတ်ပုံတွေထွက်လာခဲ့ပြီး မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်ခြမ်းတွေဟာ ကွေးညွှတ် ဒီဇိုင်း ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံးအတွက် ဆေးတောင့်ပုံ Punch Hole တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gizmochina