Honor ကနေ ယခင်တုန်းက Leak သတင်းတွေဆက်တိုက်ထွက်ရှိနေခဲ့တဲ့ Honor X10 Max စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သလို သတင်းထွက်ရှိမှုနည်းပါးတဲ့ Honor 30 Youth Edition ဖုန်းကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Honor 30 Youth Edition ဖုန်းဟာ Honor 30 Series ဖုန်းတွေရဲ့ နောက်ထပ်အသစ်ဖုန်းတစ်လုံးဖြစ်သလို 5G Network ကိုလည်း Support ပေးနိုင်မှာဖြစ်ပါတယ်။

Honor 30 Youth Edition ဖုန်းမှာ 91.2% Screen-to-Body Ratio ရှိတဲ့ 6.5″ Display ကိုအသုံးပြုထားပြီး 16MP Selfie Camera ကို Waterdrop Notch ပုံစံမျိုးနဲ့ထည့်သွင်းထားတာဖြစ်ပါတယ်။ Resolution အနေနဲ့ Full HD+ Resolution ရှိမှာဖြစ်ပြီး 90Hz Refresh Rate အပြင် 180Hz Touch Sampling Rate ကိုပါ Support ပေးနိုင်မှာဖြစ်ပါတယ်။

နောက်ဖက် Camera Setup အနေနဲ့ကတော့ Triple Camera Setup ကိုထည့်သွင်းပေးထားပြီး 48MP Primary Sensor အပြင် 8MP Ultrawide Camera နဲ့ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ AI Image Enhancement နည်းပညာတွေပါဝင်မှာဖြစ်တဲ့အပြင် 4K Video Recording ကိုလည်းရိုက်ကူးနိုင်မှာပါ။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Dimensity 800 Chipset ကိုအသုံးပြုထားပြီး RAM 6GB + 64GB Version အပြင် RAM 8GB + 128GB Version ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကိုလည်း Support ပြုလုပ်မှာပါ။ Honor ကတော့ 0-50% ကို နာရီဝက်အတွင်းအားသွင်းနိုင်မှာဖြစ်ပြီး 0-100% ကိုတော့ မိနစ် ၉၀ ပဲကြာမြင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Honor 30 Youth Edition ဖုန်းဟာ လာမယ့် ဇူလိုင်လ ၈ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီးတော့ RAM 6GB + 64GB Version ကို 1,699 Yuan (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်) ၊ RAM 6GB + 128GB Version ကို $1,899 Yuan (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) နဲ့ RAM 8GB + 128GB Version ကိုတော့ 2,199 Yuan (မြန်မာငွေ ၄ သိန်း ၂ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China