Honor X10 Max နဲ့ X10 Pro တို့ရဲ့ သတင်းကို အကြာကြီးထပ်စောင့်စရာမလိုတော့ပါဘူး။ ဒီဖုန်းနှစ်လုံးနဲ့အတူ Honor 30 Youth Edition ရဲ့ အချက်အလက်တွေ သတင်းထွက်လာခဲ့ပါပြီ။
7.09” Display ကြီးပါဝင်တဲ့ Honor X10 Max ဟာ အရွယ်အစားနဲ့လိုက်အောင် “King Kong” ဆိုတဲ့ အမည်ဝှက်နဲ့ ထွက်လာမှာဖြစ်ပြီး Honor 30 Youth Edition ကိုတော့ Maxwell (MXW) လို့ခေါ်မှာပါ။ ဒီဖုန်းနှစ်လုံးကို Honor က တစ်ချိန်တည်းမှာ မိတ်ဆက်လာမှာဖြစ်ပြီး X10 Pro ကတော့ နည်းနည်းနောက်ကျမယ်လို့ ဆိုပါတယ်။
X10 Max နဲ့ 30 Youth Edition တို့ကို ဇူလိုင် ၄ – ၅ ရက်နေ့တွေမှာ တွေ့ရနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်သာ လိုပါတော့တယ်။
Honor 30 Youth Edition ဟာ အနောက်တိုင်းဈေးကွက်ကိုတော့ Honor 30 Lite အမည်နဲ့ဝင်လာနိုင်ပြီး MediaTek Dimensity ချစ်ပ်ဆက်တစ်ခုခု အသုံးပြုလာမှာပါ။ 48MP အဓိကကင်မရာဦးဆောင်တဲ့ Triple-camera အတွဲ ပါဝင်မှာ ဖြစ်ပါတယ်။
နောက်ထပ် Leak တစ်ခုမှာတော့ Youth Edition ဟာ တရုတ်ယွမ် ၁၆၀၀ (မြန်မာကျပ်ငွေ သုံးသိန်းနှစ်သောင်းနီးပါး) ကျသင့်မယ်လို့ ဆိုထားပါတယ်။ ဒါဟာ Honor 30 ရဲ့ Vanilla ဗားရှင်းဈေးနှုန်းတစ်ဝက်လောက်သာ ရှိမှာပါ။
Honor X10 Pro ကတော့ တစ်နေ့က TENAA ပေါ်ရောက်လာခဲ့ပြီး Honor X10 ထက် အနည်းငယ်ပိုသေးတဲ့ 6.53” ပါဝင်ပေမယ့် ပိုကောင်းတဲ့ Kirin 985 ချစ်ပ်ဆက် အသုံးပြုထားတာ တွေ့ရပါတယ်။ Honor 30 ဖုန်းတွေလိုပဲ 40MP အဓိက Sensor ပဲဖြစ်ပေမယ့် Periscope Lens တစ်ခု ပိုပါလာပါတယ်။
Ref – GSMArena