Honor 30S ကို မတ်လ ၃၀ ရက်နေ့မှာ ဈေးကွက်ထဲပို့ဆောင်မယ်လို့ ကြေညာပြီးသား ဖြစ်ပါတယ်။ မိတ်ဆက်မယ့်ရက်ကို ရောက်ဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ လွန်ခဲ့တဲ့တစ်ပတ်ကျော်က သတင်းထွက်ခဲ့တဲ့ Honor 30S ရဲ့ ကျောဘက်က ကင်မရာလေးလုံးနဲ့ပတ်သက်တဲ့သတင်းတစ်ခု ထပ်ထွက်လာပါတယ်။

DigitalTrends ကနေ ဖော်ပြတဲ့သတင်းမှာ Honor 30S ရဲ့ ကျောဘက်က ကင်မရာလေးလုံးအနက် အဓိကကင်မရာဟာ 64MP အာရုံခံကိရိယာ တပ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရောင်းမြှင့်တင်ရေးအတွက် အသုံးပြုတဲ့ရုပ်ပုံအရ Honor 30S မှာ 3X optical zoom လည်း ပါဝင်မယ်လို့ သိလာရပါတယ်။

ဒီတော့ အခုမြင်နေတွေ့နေရတာတွေက ကနဦးပေါက်ကြားသတင်းတွေ Render တွေနဲ့ ကွာခြားမှုရှိတာကိုလည်း တွေ့မြင်လာရပါတယ်။ ကနဦးပုံတွေက Dual-LED ဖလက်ရှ်ကို ပထမကင်မရာဘေးနားမှာ ထားတာပါ။ စတုတ္ထမြောက်ကင်မရာကတော့ ဖလက်ရှ်အောက်မှာပါ။

အခုမြင်တွေ့ရတဲ့ပုံအသစ်မှာတော့ အလယ်ကင်မရာရဲ့ ဘေးမှာ LED ဖလက်ရှ်ရှိနေတာပါ။ AI logo က ထိပ်ဆုံးမှာဖြစ်ပြီး သူ့အောက်မှာ စတုတ္ထကင်မရာရှိနေတာပါ။ ဒါကြောင့် ဘယ်ပုံစံက အမှန်ဖြစ်မလဲဆိုတာကို သိရဖို့ နောက်ထပ်သတင်းတွေကို ထပ်ပြီးစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Honor 30S ဟာ Kirin 820 SoC နဲ့ဖြစ်ပြီး 5G ကိုလည်း ထောက်ပံ့ပေးမှာပါ။ အားသွင်းစနစ်ကိုလည်း 40W အထိရမှာဖြစ်ပြီး 8GB of RAM နဲ့ သိုလှောင်မှုပမာဏ 128GB ဖြစ်ပါတယ်။ 2400 x 1080 pixel resolution မျက်နှာပြင်နဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။ ပိုပြီးတော့ အသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေကတော့ လာမယ့် ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena