Honor 70 Series ကို မေလ ၃၀ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက ရိုးရိုး မော်ဒယ်ရဲ့ တရားဝင် ဓါတ်ပုံတွေကို ဝက်ဘ်ဆိုက်မှာ မျှဝေထားပါတယ်။ ဒါ့အပြင် Honor 70 နဲ့ 70 Pro တို့ကို ယှဉ်တွဲရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း တွေ့လာရပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ ဒီဇိုင်းဟာ အနည်းငယ်ကွဲပြားတဲ့အတွက် ခွဲခြားရတာ လွယ်ကူပါတယ်။

Honor 70 နဲ့ 70 Pro မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Pro ရဲ့ ကင်မရာတွေကို Island ထဲမှာ ထည့်သွင်းထားပြီး ရိုးရိုး မော်ဒယ်ရဲ့ ကင်မရာတွေကို စက်ဝိုင်း ၂ ခုထဲမှာ တပ်ဆင်ထားပါတယ်။ Pro မော်ဒယ်ရဲ့ အရွယ်အစားက အနည်းငယ် ပိုမို ကြီးမားပြီး အရင်မျိုးဆက် ၂ ခုမှာလည်း အဲဒီအတိုင်း ဖြစ်ပါတယ်။

Honor 70 နဲ့ Honor 70 Pro ၂ လုံးစလုံးမှာ USB-C Port တပ်ဆင်ထားပြီး 3.5mm Audio Jack ဖယ်ရှားထားပါတယ်။ မြင်တွေ့ဖူးနေကျ အရောင်တွေအပြင် Fancy အရောင်တွေကိုလည်း ထုတ်လုပ်ထားပါတယ်။ Sony က ထုတ်လုပ်ထားပြီး အရွယ်အစား 1/1.49” ပါတဲ့ 54MP ကင်မရာ ဆန်ဆာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gsmarena