Honor 70 5G ဟာ အသစ်စက်စက် ကြေညာလိုက်တဲ့ Honor 70 Series ထဲမှာ စွမ်းရည် အနိမ့်ဆုံး ဖြစ်ပေမယ့် စိတ်ဝင်စားစရာ Specs တွေ ပါလာပါတယ်။ ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Honor 70 brings Snapdragon 778G+ and 66W charging

အနောက်ဘက်မှာ 54MP Sony IMX 800 Main , 50MP Ultrawide (Macro လိုလည်း သုံးနိုင်) နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Telephoto ကင်မရာ မပါလာပါဘူး။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

Honor 70 မှာ Snapdragon 778G+ Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 256GB Base Storage ထည့်ထားကာ 512GB အထိ ရွေးချယ်နိုင်ပါတယ်။ ဆော့ဖ်ဝဲအကြောင်းပြောရရင် အသစ်စက်စက် Android 12 အခြေပြု Magic UI 6.1 မောင်းနှင်ထားပြီး Honor 70 Series နဲ့အတူ Magic UI 6.1 ကို ကြေညာလိုက်တာပါ။ 66W Fast Charging ထောက်ပံ့တဲ့ 4,800mAh ဘက်ထရီ ပါလာပါတယ်။

Honor 70 အတွက် Black , Green နဲ့ Gradient အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၂,၆၉၉ ယွမ်နဲ့ 12/512GB ကို ၃,၃၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၅၀,၀၀၀ နဲ့ ၉၄၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ဇွန်လ ၇ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena