Honor က တန်ဖိုးနည်း Honor 70 Lite ကို ကြေညာလိုက်ပြီး နာမည်အတိုင်းပဲ Honor 70 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ ဈေးနှုန်း သက်သာစေဖို့ မတူညီတဲ့ Specification တွေကို ထည့်သွင်းထားပါတယ်။

Honor 70 Lite announced with Snapdragon 480+ SoC and 50MP main camera

Honor 70 Lite မှာ 6.5 Inch TFT LCD HD+ (1600x720p) မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 50MP Main, 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Honor 70 Lite key specs

Honor 70 Lite မှာ Qualcomm Snapdragon 480+ Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ပါလာပါတယ်။ Software အပိုင်းမှာ Android 12 အခြေပြု Magic UI 6.1 မောင်းနှင်ထားပြီး 22.5W Charging Support ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ Honor 70 Lite မှာ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ၊ နားကြပ်ပေါက်နဲ့ Hi-Res Audio and Hi-Res Audio Wireless Support ပါလာပါတယ်။

Honor 70 Lite အတွက် Titanium Silver , Ocean Blue နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပြီး ဗြိတိန်မှာ စတာလင်ပေါင် 199.99 သတ်မှတ်ထားပါတယ်။

Ref : gsmarena