Honor ဟာ Honor 70 စီးရီးကို မေလ ၃၀ ရက်နေ့မှာ တရုတ်ဈေးကွက်ထဲ ကြေညာမှာပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက Honor 70 နဲ့ Honor 70 Pro တို့ရဲ့ ရုပ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Honor 70 Pro ရဲ့ Geekbench ပေါ်က အချက်အလက်ကတော့ ပြီးခဲ့တဲ့ရက်ကမှ တွေ့မြင်ရတာပါ။

Geekbench အရ Honor 70 စီးရီးဖုန်းတွေဟာ Dimensity 8000 ကို အသုံးပြုလာမယ်ဆိုတာ သိရပါပြီ။ Honor 70 Pro ကို မော်ဒယ်နံပါတ် SDY-AN00 နဲ့တွေ့မြင်ရတာ ဖြစ်ပါတယ်။ Listing အရ ဒီဖုန်းဟာ MediaTek Dimensity 8000 အသုံးပြုထားတာကို အတည်ပြုနိုင်ပါတယ်။ Processor ကို Mali-G610 GPU နဲ့ တွဲဖက်ထားပါတယ်။ SoC ရဲ့ Peak clock speed က 2.75GHz ဖြစ်ပါတယ်။

Geekbench listing အရ ထပ်ပြီးသိနိုင်တာက ဟန်းဆက်ရဲ့ RAM နဲ့ Software ပါ။ Honor 70 Pro ဟာ 12GB of RAM နဲ့ဖြစ်ပြီး Android 12 အခြေခံ Magic UI 6.0 နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Single-core ရမှတ်က 819 ဖြစ်ပြီး Multi-core ရမှတ်က 3303 ဖြစ်ပါတယ်။ Curved display မှာတော့ Punch-hole တစ်ခုတွေ့မြင်ရပြီး 120Hz refresh rate ကို ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။

Honor 70 မော်ဒယ်အားလုံးမှာ 54MP Sony IMX800 camera sensors တွေ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ မော်ဒယ်သုံးမျိုးစလုံးမှာ High-frequency PWM dimming နဲ့ BOE OLED display တွေအသုံးပြုထားမှာဖြစ်ပြီး 70 Pro နဲ့ 70 Pro+ တို့ကတော့ LTPO dynamic refresh rate panels ရရှိမယ်လို့ သိရပါတယ်။ 70 Pro နဲ့ 70 Pro+ တို့မှာ 100W Fast charging ထောက်ပံ့ပေးထားမယ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Ref: GSM Arena