Honor 7s ဟာ Honor ရဲ့ Entry Level ခေါ် Budget Phone တစ်လုံးဖြစ်ပါတယ်။ ဖုန်းပြော၊ Message ပို့၊ Facebook နဲ့အင်တာနက်သုံးတာတွေအတွက် အရမ်းအဆင်ပြေပြီး လူကြီးတွေနဲ့ ဖုန်းတစ်လုံးအတွက် ပိုက်ဆံအများကြီးအကုန်မခံချင်တဲ့သူတွေအတွက်တော်တော်အဆင်ပြေပါတယ်။

Design

Honor ရဲ့ကိုယ်ပိုင်သတ္ထုကိုယ်ထည် ဒီဇိုင်းကို Plastic နဲ့အစားထိုးထားတယ်။ Camera Lens ရဲ့ အလယ်ကနေဖြတ်ပြီး Antenna Line တွေကို ဘေးတိုက်ထားထားတယ်။ အောက်ခြေမှာလည်း Antenna Line တစ်လိုင်းပါပြီး Xiaomi ရဲ့ Redmi Series တွေနဲ့ဆင်ပါတယ်။ မတူတဲ့အချက်က Plastic သုံးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Built Quality တော်တော်ကောင်းပါတယ်။ Honor ထုံးစံအတိုင်း ညာဘက်ဘေးမှာ Power Button နဲ့ Volume Button တွေရှိပြီး ဘယ်ဘက်မှာတော့ Sim Card Slot ပါပါတယ်။ Dual Sim Support ပါပြီး Xiaomi ဖုန်းတွေလို Hybrid Sim မဟုတ်ပဲ SD Card အတွက် နေရာသက်သက်ပါလို့ Sim နှစ်ကတ်သုံးတဲ့သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ Headphone Jack ကတော့ ဖုန်းရဲ့အပေါ်ထိပ်မှာဖြစ်ပြီး Speaker ကတော့ ဖုန်းပြေားဖို့ရော နဲ့ Loud Speaker အဖြစ်ပါ Earpiece ကိုပဲသုံးထားပါတယ်။ အနောက်ဘက်က Camera Lens နဲ့ Flash Light လေးကိုပေါင်းထားတဲ့ပုံက အမှတ်မထင်ကြည့်လိုက်ရင် Dual Camera အလားထင်ရပါတယ်။

Display

HD Display ဖြစ်တဲ့ 720x 1440p Display ကိုသုံးထားပြီး 18:9 Ratio နဲ့ပါပဲ။ သူ့ဈေးနှုန်းနဲ့ပြန်ရတဲ့ Display Quality ကတော်တော်ကောင်းပါတယ်။ မထင်ထားလောက်အောင် Viewing Angle ကောင်းပြီး သူငယ်ချင်းတွေနဲ့ ရုပ်ရှင်အတူတူကြည့်ကြတဲ့အခါမျိုးမှာ တော်တော်အဆင်ပြေတယ်။ Color တွေတော်တော်တော့ကောင်းတယ်။ ဒါပေမယ့် အရမ်းကြီးတော့ Vibrant မဖြစ်ပါဘူး။ သူ့ဈေးနဲ့ပြန်ကြည့်ရင်တော့ တော်တော်လေးကိုတန်နေပါပြီ။ Huawei ရဲ့ Display Feature တွေဖြစ်တဲ့ Color Temperature ကိုချိန်ညှိနိုင်တယ်။ ဒါပေမယ့် Color Temperature ချိန်ညှိတဲ့နေရာမှာ တစ်ခြား Honor တွေနဲ့ Huawei တွေလို UI မတူတော့ပဲ Slid Bar ပုံစံလေးနဲ့တွေ့ရပါတယ်။ Eye Comfort လည်းပါဝင်ပြီး ညဘက်ဖုန်းကြည့်တဲ့အခါ မျက်လုံးမကျိမ်းအောင် ကာကွယ်ပေးမှာပါ။

Battery Life

5.5 Inches Display ကို 3,020mAh battery သုံးထားလို့ Honor 9 Lite ထက် Battery အားပိုခံပါတယ်။ Gaming အတွက်ရည်ရွယ်ထားတာမဟုတ်လို့ အမြင့်ပိုင်းဂိမ်းတွေဆော့လို့မရတာလည်းပါပါမယ်။ သာမာန်ဖုန်းပြော အင်တာနက်သုံးကြည့်တဲ့အခါ တစ်ရက်ကျော်ကျော်ခံတာတွေ့ရပါတယ်။ Honor 9 Lite လိုပဲ Fast Charging မပါလို့ အားသွင်းချိန်တော့ကြာမှာပါ။

Camera

တစ်သိန်းဝန်းကျင်ဖုန်းတစ်လုံး ကနေတော့ Camera Quality အကောင်းစားမျိုးမမျှော်သင့်ပါဘူး။ ဒါပေမယ့် Honor 7s မှာတော့ Camera Quality က အနေအထားတစ်ခုထိ အရည်အသွေးကောင်းတယ်။5 Mega Pixels Selfie Camera နဲ့ 13 Mega Pixels Rear Camera ပါဝင်တယ်။ Selfie ရော အနောက်ဘက် Camera ရော အရည်အသွေးကောင်းပြီး လက်တုန်ရင်တော့ ပုံတွေဝါးသွားတာတွေ့ရတယ်။ Camera ထဲကနေ Screen ရဲ့ဘယ်နေရာမဆို ထိလိုက်တာနဲ့ ဓာတ်ပုံရိုက်ပေးတယ်။ တစ်ခြား Honor ဖုန်းတွေနဲ့ Huawei တွေလိုမျိုး Camera UI မဟုတ်တော့ပဲ Feature တစ်ချို့ပျောက်နေတာတွေ့ရတယ်။ Honor 7s ရဲ့ Camera ဟာ Budget Level အဆင့်ပဲရရှိနိုင်ပြီး သာမာန် အမှတ်တရ ဓာတ်ပုံတွေအတွက်တော့အဆင်ပြေပါတယ်။

Performance

Budget Phone ဖြစ်တဲ့အတွက် App Loading Time တွေနည်းနည်းကြာတာတွေ့ရတယ်။ ဒါပေမယ့်လည်း လက်ခံနိုင်တဲ့အနေအထားမှာရှိပါတယ်။ Budget Level SoC ဖြစ်တဲ့ Mediatek MT6739 ကို 2GB RAM နဲ့ သုံးထားတယ်။ အသုံးများတဲ့ Facebook, Messenger, Gmail, Instagram အစရှိတဲ့ App တွေကိုကောင်းကောင်း Run နိုင်ပြီး Game ပိုင်းမှာတော့ Heavy Game တွေအတွက်တော့ အဆင်မပြေပါဘူး။ ML တော့ Run လို့ရပြီး Smooth တော့မဖြစ်လှပါဘူး။ Candy Crush လိုပေါ့ပေါ့ပါးပါး Game လေးတွေအတွက်တော့အဆင်ပြေပါတယ်။ Multitasking ပိုင်းမှာတော့ Budget Phone ဖြစ်လို့အားနည်းပါတယ်။ Android 8.1 ကိုသုံးပေးထားပြီး Budget ဖုန်းတွေထဲမှာ Android Version အမြင့်ဆုံးလို့ပြောလို့ရပါတယ်။

Audio Quality

Earpiece ကိုပဲ Loud Speaker အဖြစ်သုံးထားလို့ နည်းနည်းတော့ ကသိကအောက်နိုင်ပါတယ်။ အသံထွက်ကျယ်ပြီး အနေအထားတစ်ခုထိ ကြည်လင်တယ်။ BesLoudness လို့ခေါ်တဲ့ Sound Effect လေးတစ်ခုကိုသုံးပေးထားလို့ Phone Ringtone တွေကို ကျယ်ကျယ်လောင်လောင်ကြားရပြီး ဖုန်းမြည်သံတိုးလို့ Miss Call တွေဖြစ်သွားတာမျိုးမရှိစေပါဘူး။ Earphones နဲ့နားထောင်တဲ့အခါ Entry Level အဆင့်သာရှိပါတယ်။ သာမာန်နားထောင်တက်တဲ့သူတစ်ယောက်အတွက်ကတော့ အဆင်ပြေမှာပါ။ Histen Sound Effect တွေတော့မပါပါဘူး။

နိဂုံးချုပ်ပြောရရင် Honor 7s ဟာ လူကြီးပိုင်းတွေနဲ့ ကလေးတွေအတွက်အဆင်ပြေမယ့်ဖုန်းပါ။ ဖုန်းအဓိကပြောဆိုပြီး Facebook, Messenger စတဲ့ App လေးတွေသုံးချင်တဲ့သူတွေအတွက်လည်းအရမ်းအဆင်ပြေပါတယ်။ Budget Level ထဲက Brand ရှိပြီး Sim Card နှစ်ကတ်နဲ့အတူ SD Card ပါတွဲသုံးချင်တဲ့သူတွေအတွက်လည်း Honor 7s က အသင့်တော်ဆုံးပါပဲ။ Honor 7S ရဲ့ RAM 2GB + Storage 16GB မော်ဒယ်ကို မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ ဈေးနှုန်းကတော့ ၁၂၉၀၀၀ ကျပ်ဖြစ်ပါတယ်။