Honor က စမတ်ဖုန်း အသစ် ၁ လုံး ကြေညာမယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Teaser ၁ ခုနဲ့ အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ် တရုတ်က 3C မှာ မှတ်ပုံတင်ထားတဲ့ Honor 80 GT ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။

Honor V8 Pro and Honor 80 GT teasers

အဲဒီ စမတ်ဖုန်းနဲ့အတူ Honor Pad တက်ဘလက် အသစ် ၁ လုံးကိုပါ မိတ်ဆက်မှာ ဖြစ်တယ်လို့ Teaser မှာ ဖော်ပြထားပါတယ်။ တက်ဘလက် အသစ်ရဲ့ အမည်ကို တိတိကျကျ မသိရသေးပေမယ့် Honor Stylus နဲ့တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပြီး အနောက်ဘက်မှာ LED Flash ၁ လုံး တပ်ဆင်ထားမှာပါ။

Honor 80 GT arriving on December 26, new Honor tablet also incoming

Honor 80 GT ဟာ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Honor 80 Series ရဲ့ စတုတ္ထမြောက် ဖုန်း ဖြစ်လာမှာပါ။ အနောက်ကင်မရာ ၃ လုံးကိုဒေါင်လိုက် တပ်ဆင်ထားမှာ ဖြစ်ပေမယ့် Honor 80 , Honor 80 Pro နဲ့ မတူညီတာက နံပါတ် 8 စတိုင် မပါလာတာ ဖြစ်ပါတယ်။

ကင်မရာ ဒီဇိုင်းနဲ့ အသံခလုတ် တည်နေရာတွေကို ကြည့်ရင် Honor Pad ဟာ တက်ဘလက် အသစ် ၁ လုံး ဖြစ်မှာ သေချာပါတယ်။ ပေါက်ကြားသတင်းအရ အဲဒီ တက်ဘလက်ကို Honor V8 Pro လို့ အမည်ပေးထားနိုင်ပြီး မိတ်ဆက်ပွဲ မတိုင်ခင် တရားဝင် Teaser တွေကနေ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena